ဟို အရင်တုန်းက
ဟို အရင်တုန်းက
သူက သိပ်ချစ်တတ်သူတယောက်လို
သိပ် ကို ဟန်ဆောင်ကောင်းခဲ့တယ်…
အဲဒီ့တုန်းကများ
မာယာတွေသုံးတတ်လားလို့
ထင်တောင်မထင်ရက်ခဲ့ဘူး
သူ့အပြောချိုချိုတွေက
သေလောက်အောင် နားထောင်ကောင်းလွန်းတယ်
ဟိုအရင်တုန်းက
သူက တလောကလုံးမှာတယောက်
သိပ် သိပ် ကို ချစ်စရာကောင်းခဲ့ပါတယ်….။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကြိုက်လို့  like လုပ်ပေးသွားပါတယ်နော်