Professional Authors

ကြေကွဲတယ်

စိတ်ထဲသုံးလေးခုဆို
နေက်ဆုံးတစ်ခုမှမကျန်အောင်လွတ်ကျပြီ
မနက်ခင်းမှာအတူတူမလင်းနိုင်အောင်
ငါတို့တွေဝေလွန်းတယ်…
မင်းအရေးအသားပါပဲ
မင်းစကားများပါပဲ
မင်းဆံနွယ်ဖျားမှာငါ..
ပြိုကျချင်လဲပြိုကျခွင့်မရ
ဘာတွေလဲငါ့ကိုကျားကန်ထားတာ
ခေါင်းမော့မိရင်အောက်ကိုမမြင်ရဘူး
တည့်တည့်ကြည့်ရင်ရှေ့ကိုမမြင်နိုင်ဘူး
ငါ့သတိဟာဘယ်မှာလဲ
ငါ့အသိဟာဘယ်မှန်မလဲ
အချဉ်ဖောက်ထားတဲ့အစာ
အချဉ်တွေကခွက်နဲ့အပြည့်
တဖြေးဖြေးချဉ်ချဉ်လာလိုက်တာ
ငါဟာအချဉ်တွေမဟုတ်ဘူး
(ဒီလိုနဲ့) ငါ့ဖြစ်တည်မှုဟာအကျင့်ပါရော
ငါဟာတံလ်ႇပ္ပါ
ဘယ်သူရေထင်ထင်
ဂရုမစိုက္တဲ့တံလ်ႇပ္ပါ
ငါ့ဘဝဟာယဉ်လိုက်ရိုင်းလိုက်
ရိုင်းနေတုန်းငါပစ်တဲ့မြှားတွေ….
တန်ပြန်လာစိုက်တဲ့မြှားတွေအတွက်
ရင်ဘတ်ဟာသွေးဗလာ…
ငါအားနာမိတော့မယ်
ကဗျာတစ်ပုဒ်ဟာ
သူ့နာမည်လိုပဲ
ယုယခဲ့ပေမယ့်
တီးခတ်ခွင့်မရှိရတော့
လူသားဆန်စွာပဲ
ငါငိုကြွေးမိရဲ့…

In: ကဗျာ Posted By: Date: Sep 3, 2012
Comment #1

Mike de

commentinfo By: ei lay at Sep 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment