စိုင်းဝင်းမြင့်၏ဆိုက်ရောက်မူတိုင်းဟာမှ
မတွေ့တာကြာပြီဆိုတော့
မကြာတာတွေ့နေရဎြီဎေါ့
တွေ့တွေ့နေတဲ့အတွေ့ထဲမှာ
သူလဲမရှောင်နိုင်ကိုယ်လဲမရှောင်နိုင်
(ကိုယ့်မှာတော့)
တဟူးဟူးလေထဲ
လေနေဎြီလဲနေပြီ
အရူးမီးဝိုင်းသလား
အရိုင်းမီးကူးသလား
အဎြန်လမ်းဟာ
ကိုယ်တစ်ယောက်တည်းအခြားတစ်ဖက်ဆိုတော့
မမှောင်ခင်ခွဲထုတ်ရတာ
ကြေကွဲညထဲ ကိုယ့်ကိုကိုယ်
မောင်းထုတ်ရတာ
မိုးရွာထဲမောင်းထုတ်ရတာလဲ
ကိုယ့်ဘဝကိုယ်ပြန်ရဖို့ပါပဲ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Kar yan kike p a yann swe saung hmu Shi de loh khan sarr ya par de