အပျင်းပြေကဗျာ
ကျုပ်က အပျင်းပြေလူစား
အပျင်းပြေ ထမင်းစားတယ်
အပျင်းပြေ ရေ..ပြီးတော့ အရက်သောက်တယ်
အပျင်းပြေ ဂစ်တာတီးတယ်
အပျင်းပြေ တီဗွီကြည့်တယ်
အပျင်းပြေလဲ ချစ်တယ်
အပျင်းပြေလဲ အသည်းကွဲခံကြည့်တယ်
အပျင်းပြေ စကားလုံးတွေ ကောက်သိမ်းမယ်
အပျင်းပြေ ဟန်ဆောင်စကားတွေဆက်ပြောမယ်
အပျင်းပြေ မနက်ဖြန်ကို ကြိုတွေးတတ်တယ်
အပျင်းပြေ အတိတ်ကိုလဲ ပြန်ပြန်တူးဆွတတ်တယ်
အပျင်းပြေပါပဲ
အပျင်းပြေပဲ ကျွန်တော်အသက်ရှင်နေခဲ့တာ ။ ။
မှတ်ချက် ။ ။ ဒီလို အပျင်းပြေရေးထားတာကို ခင်ဗျားတို့လဲ အပျင်းပြေဖတ်ချင်ဖတ်သွားနိုင်ပါတယ်။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
😛
😛
😛