နာကျင်မှုဟာ စကားလုံးတွေ အဖြစ်နဲ.ငါ.ရင်ဘတ်ဆီက ရွာကျလာတယ်
နိဂုံးအချုပ်ခံလိုက်ရတဲ. နိဒါန်း တစ်ပုဒ်အကြောင်းရယ်ပါ
စွပ်စွဲကြသလိုမျိုး အပွင်.ကို လိုချင်ရုံ ရည်ရွယ်ချက်နဲ. ရေလောင်း ပေါင်းသင်ခဲ.တာတော. မဟုတ်ရဘူး ။ ဒါပေမယ်. ထားပါတော.လေ
မခူးဖြစ်ခင်မှာ ရနံ့တွေက သာ ငါ.ကို ထုတ်ချင်းခတ် စူး သွားကြ
ငါ ရှုံး ခဲ. ရ တယ်
ပျော်ရွှင်မှုဆိုတာ ဘာမှန်းမသိတော.တဲ. လူတစ်ယောက်က တခြားတစ်ယောက်အတွက် လင်းချင်းပေးချင်ခဲ.တာ မိုက်မဲမှုတစ်ရပ်လား
ငါဟာ သန်းခေါင်ထက် နက်ချင်နေတဲ. ညဉ်.ပါ
စကားမစပ် ပြောရရင် ရယ်ရတာ ကိုက
မော … တယ်
ဖြစ်မလာသေးတဲ. ဖြစ်ချင်တာတွေကို ဆန္ဒ လို. ခေါ်ပြီးတော. မဖြစ်ချင်တာတွေ ဖြစ်နေရတာကို ဘ၀ လို. ခေါ်တယ်
ဆန္ဒနဲ. ဘ၀ ကြားမှာ မျှော်လင်.ချက် အတိုအစ တွေနဲ. တံတားထိုးဖို. ကြိုးစားနေတဲ. ငါ.ကိုတော. သမိုင်းဝင်လူမိုက် အနေနဲ. စာရင်းသွင်းပါ
စိတ်ရှိလက်ရှိ လှောင်ရယ် လို. ရပါတယ် ။ ဒါပေမယ်. မသနားလိုက်ပါနဲ.
ကျေးဇူးပြုပြီး နည်းနည်းမှ မသနားလိုက်ပါနဲ.
အဲဒီလူမိုက်က သူ.သိက္ခာကို ကာကွယ်ရပါလိမ်.မယ်
ဟေး….. တစ်ဆိတ်လောက်
မကြည်.ချင် နေပါ။ ဒါပေမယ်. မြင် ပါ
နားမထောင်ချင် နေပါ ။ ဒါပေမယ်. ကြား ပါ
မစာနာချင် နေပါ ။ ဒါပေမယ်. ခံစားပေး ပါ
နေ မှာ ကိုယ်ပိုင်အလင်းရောင်ရှိသလိုမျိုး ည ဟာ ဘယ်သူ.အကူအညီမှ မပါဘဲ မှောင် တယ်
ငါ…. ရဲရဲရင်.ရင်. …. ရူးသွပ်ခဲ.ဖူးတယ် ။ မွတ်မွတ်သိပ်သိပ်နဲ. မြတ်နိုးခဲ.ရတဲ. ငေးကြည်.ခွင်. တစ်ခုတစ်လေ အတွက်။ခဏခဏ မင်နီတားခံရတဲ. တစ်လမ်းသွား ဂရုစိုက်ခြင်းတွေ အတွက်။
ဘယ်တုန်းကမှ အရှုံးအမြတ်မတွက်ချက်ခဲ.ပေမယ်.
အထိအရှတွေ များလာတဲ. အခါ ဘ၀ က အံကြိတ်မျိုချလို. မရလောက်အောင် ခါးတယ်
နောက်ဆက်တွဲ ။ ။
ကိုယ်ရေးကိုယ်တာ ယဉ်ကျေးမှုအရ အဲဒီစပျစ်သီးကို မချဉ်ရက်ခဲ.ဘူး
ငါ.ဖြစ်တည်မှုကို ငါ.ဘာသာ ရိုက်ခွဲပစ်နေတာက လွဲရင်။
သေချာတာ တစ်ခုက
သွေးချင်းချင်းနီနေတဲ. ငါ. လက်တွေက ပြည်ဖုံးကားကို ဘယ်တော.မှ ဆွဲချဖြစ်မှာ မဟုတ်ဘူး
Comment #1
excellent creation
excellent choice of words
excellent thinkings
excellent