အိမ်လွမ်းစိတ်နဲ့မလွတ်တဲ့အကိုင်းအခက်တွေ စကားမေးမရဘူး။
အရသာမဲ့လွန်းတဲ့အခါ ကတ္တရာလမ်းမပေါ် ကပ်ညိနေတဲ့ခြေရာတွေကို လျှာနဲ့လိုက်လျက်ချင်စိတ်ပေါက်တယ်။
ပိတ်ဆို့ခံရတာများတော့ ကိုယ့်သွေးကိုယ်တောင် ဘယ်ဘက်လက်မောင်းကနေ ဖောက်ထုတ်စီးဆင်းပစ်လိုက်ရမှန်း မသိ။
မိုင်ပေါင်းငါးရာနီးနီး ဝေးခဲ့။အမေ့သားနှစ်ယောက်။ရန်ကုန်မြို့ရဲ့သောကြာတစ်ရက်ဆီက လိုအပ်ရင် ဘရိတ်သုံးမယ်ဆိုတာ
ချည်းပါပဲ။ကိုယ့်အသက်ကိုယ် အသက်လုပြီး မြဲမြဲကိုင်ထား။လူပဲ၊သူ့ဟာနဲ့သူတော့ ရှိမှာပေါ့။မပြောချင်ပါဘူးကွာ။အဲဒီလိုကြီး
မကြည့်လိုက်နဲ့လေ။ရှေ့တစ်လှမ်းတိုးလိုက်တာနဲ့ လှုပ်နေတဲ့သူ့ရင်သားတွေ ပဲ့ကျတော့မတတ်။သူ့ဝိတ်ကို သူ့ခါးမခံနိုင်တော့ဘူး၊
ကုန်ထမ်းသမား။ခါးပိုက်နှိုက်တောင် မျက်စောင်းမထိုးချင်တဲ့အိတ်ကို လွယ်ထားတော့ ကားစီးရတာ နောက်ကျောလုံတာပေါ့။
ကျွန်တော် အော်ခေါ်နေတာကို အမေ ကြားတယ်။
ကျွန်တော် အော်မခေါ်ရင်လည်း အမေက ကြားနေတာပါပဲ။
ညီလေးရေ၊ညီလေးရေ၊ညီလေးရေ၊ညီလေးရေ၊ညီလေးရေ၊ညီမလေးရေ၊ညီမလေးရေ၊ညီမလေးရေ၊ညီမလေးရေ။
ငါ နေမကောင်းဘူးသူငယ်ချင်း။တစ်ချို့အိမ်ပြန်ချိန်တွေက အရမ်းကြောက်စရာကောင်းတယ်။ကိုယ့်ကို စောင့်မျှော်နေမယ့်လူ
တစ်ယောက်မှ မရှိဘူး။ငိုချင်စရာတွေများလွန်းတဲ့အခါ အော်ရယ်ပစ်တဲ့ဖောက်ခွဲနည်းကို သုံးပြီး ခါချပစ်လိုက်။
ကိုသျှား
Comment #3
ကိုယ့်ကို စောင့်မျှော်နေမယ့်လူ
တစ်ယောက်မှ မရှိဘူး။ငိုချင်စရာတွေများလွန်းတဲ့အခါ အော်ရယ်ပစ်တဲ့ဖောက်ခွဲနည်းကို သုံးပြီး ခါချပစ်လိုက်။
ခုနောက်ပိုင်းစမ်းသပ်ကဗျာတွေအရေးများနေတယ်ပေါ့ အကို လိုင်းပေါ်တက်ခဲ့ပါဦးဗျ 🙂
Comment #4
ညီလေး အကိုက လိုင်းပေါ်တက်တယ်နော်
ညီ မရှိတာပဲဖြစ်မယ်
ဒါပေမယ့် အကိုက တက်ရင်လည်း ခဏလေးပဲ တက်နိုင်တော့တယ်
မအားဘူးကွာ
နောက်တော့ အေးအေးဆေးဆေးစကားပြောကြတာပေါ့ညီလေးရာ
အကိုလည်း စကားတွေ အများကြီး ပြောချင်ပါတယ်
အောင်မြင်ပါစေနော်
ချစ်ခင်လျှက် . . . .
ကိုသျှား
Comment #5
A kone lone a loak tway shoke nay kya de.
Ei 1 yout de arr nay pone pe.
Tin ta hma poems tway ko a kone lone phat de.
Comments pay de.
😛
Ei = 109 & 110
😛
Comment #1
phat shu arr pay twar par de