~ကို~ ၁ ယောက် သိပါစေ ….
အပြစ်မမြင် ..
ငေးနေချင်သူမို့
ရင်မှာ မြိုသိပ် မဖွင့်ဟခဲ့ဘူး ကို …..
ရင်းနှီးပတ်နွယ်
စကားကြွယ်တဲ့ သူ ၁ ယောက်မို့
ဣထ္ထိယများ ပတ်လည်ဝိုင်းကာ
ပြုံးရွှင်နေချိန် ….
နာကျင် နှလုံး၊ မျက်ဝန်းအစုံ လွှဲကာနေလည်း
ဝမ်းနည်းရတယ် ကို ……
လက်ဖမိုးနဲ့ လက်ဝါး မတူညီသလိုပဲ
ပြုသူ နဲ့ ခံရသူ
ခံစားချက် မတူနိုင်တာ
~ကို~ ၁ ယောက် သိပါစေ ….
လောကီလူသား
ခံစားတတ်တဲ့ နှလုံးသားနဲ့ ထုဆစ်ထားသူမို့
ကျမ သိမ်ငယ်တတ်တယ် ကို …….
ပြန်လည်တည်ဆောက်ထားတဲ့ *ယုံကြည်မှု* ထပ်ပြီး မပျက်သုန်းဖို့ပဲ မျှော်လင့်မိတယ် ကို ……။
(၁၂-၉-၂၀၁၂)
(11း05 AM)
Comment #2
“ကို…..” ဆိုတဲ့တစ်ယောက်.အမြန်သိရှိနားလည်ပါစေဗျာ…
By: poem.poem28 at Sep 13, 2012
Comment #3
khan sar mi par tal byar
By: loafer at Sep 13, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
😛
😛
😛
Fighting
Believe urself
U can do well