ရင်ကွဲနာ
ကိုယ့်စိတ်ကိုယ်မြဲအောင်ရှုတော့
မင်းရယ်သံလေးကြားရတယ်
အလွမ်းက
တောမီးလို ပျံ့နှံ့လို့
သစ်ကိုင်းမှာ ငြိနေတဲ့ လရောင်လေးကအစ
သံသရာအဆက်ဆက်မစိမ်းလန်းနိုင်
ဘာကြောင့်များတို့ဝေးခဲ့ရသလဲ
သတိတရစိတ်က ရိုင်းစိုင်းလွန်းတယ်
ညည ၊ ကဗျာရေးလို့မရတဲ့အခါ
မင်းနာမည်လေး တဖွဖွရွတ်ဆိုမိတယ်
အပြင်မှာ သစ်ရွက်တွေက တစ်ငွေ့ငွေ့ ပဲ့ကျလို့
နှစ်ယောက်အိပ်မက်တွေ
အလင်းနှစ်သန်းပေါင်းများစွာ ခြားနားလို့
မင်းနဲ့အဝေးမှာ ငါ့နှလုံးသားရှိမယ်
အိမ်ကိုလည်းမလာဘူး
လမ်းမှာတွေ့လည်း မခေါ်ဘူး
မျက်ညိုဝန်းကလေး
ကြယ်ကြွေတိုင်း ၊ ငါဟာဆုတောင်းမှားခဲ့လေတယ်။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
🙁