သူစိမ်း
ယုံကြည်ရာတွေ လွဲ
နားလည်မှုတွေ မဲ့ခဲ့ပြီးနောက်
မင်း ထင်သလိုသာ
ငါကို သတ်မှတ်လိုက်တော့…..
မယုံကြည်ဖို့ ပြင်ဆင်ထားတဲ့
မင်းကို ရှင်းပြရင်း
နာကျည်းမိတယ်
အရာရာမှာ မင့်းအတ္တနဲ့ယှဉ်တဲ့
အမြင်တွေ အပြောတွေကို
ငါ အရမ်းမုန်းတယ်
ဒီတစ်ခါတော့…
ငါက အတ္တကြီးတဲ့ကောင်ပေါ့
သူတော်စင် မဟုတ်ပေမယ့်
မင်း သမုတ်သလောက်
ငါ မစုတ်ပဲ့ခဲ့ဘူး
လူတကာ လက်ညိုးဝိုင်းထိုးပါစေ
ငါ ၀မ်းမနည်းဘူး
အဆုံးသတ်စရာ မလိုအောင်
ပြီးပြတ်သွားပြီဖို့
မင်းသိထားဖို့က
မင်းနဲ့ငါက “သူစိမ်း”…….။ ။
Comment #2
A yin hne sone Thu sain tway pop

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
mike dal
like~~