ကိုယ့်ဘ၀ ကိုယ်ပဲပျော်
ဘယ်လိုပဲပြောကြပါစေလေ။ ပြည့်စုံခြင်းဆိုတာ ကောင်းမွန်တဲ့အရာမို့လို့ မျှော်လင့်တောင့်တမိပါတယ်။ ဒါပေမယ့် မျှော်လင့်တာဖြစ်ဖို့ရာ
အကြောင်းတရားပေါင်း များစွာလိုပါတယ်လေ။
ညနေလေးမှာ လေပြေလေးဝေ့တိုက်နေတုန်းကလည်း ကျနော် ကျေနပ်ခဲ့ပါတယ်။
စီမံကိန်းတွေ၊ ပရော့ဂျက်တွေက ကျနော့်မြို့လေးရဲ့ ရိုးသားမှုကို ၀ါးမျိုတုန်းကလည်း မဖြစ်စလောက်တိုးတက်မှုကို ကျနော် ကျေနပ်နိုင်ခဲ့တယ်။
ဂေါရင်ဂျီတွေမသာချရင် ပျော်ပျော်ပါပဲ။ တီးလို့၊ ကလို့ ၊ခုန်လို့ ဒိန်းတပ်တပ် ဆိုတဲ့ကုလားဗုံတီးသံနဲ့ ( ဂိုရင်းတပ် ဂိုရင်းတပ် ) သံပြိုင်သံနဲ့အတူ လွှတ်မဲ့ကြက်ကို ဖမ်းဖို့ အသင့်စောင့်ကာ ညပိုင်းအရက်ဝိုင်းကို ကြိုတွေနေကြတဲ့ အသုဘလာပို့သူတွေ၊ လူဆိုတာက ကိုယ့်ဘ၀ကိုယ်ပျော်တတ်ဖို့ အရေးကြီးတယ်။ကျေနပ်နိုင်ဖို့ အရေးကြီးတယ်။
ဘ၀ဆိုတာက အချိန်ခဏလေးပါ။ဒီအချိန် ခဏလေးမှာ ကျနော်တို့အတွက်တကယ်အရေးပါလှတယ် ဆိုတဲ့အရာတွေက သေဆုံးသွားခဲ့ရင် ဘာများအရေးပါတော့လို့လဲ။
ငယ်ငယ်တုန်းကတော့ ပလုတ်တုတ်နဲ့လည်း ကျေနပ်နိုင်ခဲ့ကြတာပဲ။ တစ်ခါတစ်လေ စဉ်းစားမိတယ်သိလား။ သိခြင်းက ကျနော်တို့အတွက် အဆိပ်များလားလို့။သိလာလို့ လိုချင်လာကြတာလိုလေ။
လှမှန်းသိတော့ မြတ်နိုးတယ်။ မွှေးမှန်းသိတော့ နမ်းချင်တယ်၊ ချိုမှန်းသိတော့ စားချင်တယ်။
ပြီးပြည့်စုံမှုနဲ့ ပျော်ရွှင်မှုက ကျေနပ်စရာအကောင်းဆုံးပေါ့။ ဒါပေမယ့်ပြည့်စုံမှု မရှိလည်း ကျေနပ်ခြင်းနဲ့ ပျော်ရွှင်နိုင်တယ်။ ကိုယ့်ဘ၀ ကိုယ်ပျော်ဖို့ အရေးကြီပါတယ်။
သူငယ်ချင်းတွေ၊မိတ်ဆွေကောင်းတွေနဲ့ ဘ၀တွေကိုအတူပျော်ရွှင် ကျေနပ်ချင်တယ်။
ကောင်းမြတ်(13.3.2012)