နင်နဲ့ငါ
အနေတွေနီးခဲ့ရင် ကောင်းမယ်
ချိနဲ့နေတဲ့ ဘ၀က
ဘာကိုတောင်းတရမှန်းတောင် မသိတော့ဘူး
တစ်ညလုံး အိပ်ပျက်နေရုံလောက်နဲ့
ဒါမှမဟုတ် တစ်ညလုံးအဆိပ်တတ်ရုံလောက်
ငါခံစားနေရတာမဟုတ်ဘူး
တစ်ဘ၀လုံး အဆိပ်ခတ်ခံရသလို
ခံစားနေရတာ
အားလုံးပေးလိုက်မယ် ငါ့အတွက်
အလွမ်းလေးတော့ကျန်မှာပါ
ကျေနပ်စွာနဲ့ မှတ်ကျောက်တင်လိုက်တယ်
ငါ့မျက်ရည် ခပ်စိုစိုနဲ့
အလွမ်းခပ်ပါးပါးလေး သုတ်လို့ပေါ့
နင်သတ္တိရှိပါ
တကယ်ဆိုငါတို့နှစ်ယောက်ချစ်ဖို့အတွက်
ဘုရားသခင်မလိုအပ်ပါဘူး
နင်ရယ် ငါရယ်ပဲ လိုအပ်တယ် ..
Comment #2
အရမ်းကောင်းပါတယ်နောက်ဆုံးစာကြောင်းလေးကိုပိုသဘောကျတယ်

Comment #4
မှန်တာပေါ့ 🙂 🙂

Comment #5
Thz .. par …. read pay tae a twat …..

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Really excellent.
I agree.