ချစ်စရာ့ ” MTU “
တောင်တန်းတွေက မိုးထိမြင့်မားလို့
သူ့ အလှသူ ဝင့်ကြွားနေလိုက်ပုံများ
၁၆နှစ် သမီး အပျိုမ အလှကတောင်
မယှဉ်နိုင်လို့ အရှက်ရသတဲ။့ ။
တက္ကသိုလ်အလှ ပနာရအောင်
မိုင်ချီတဲ့……….
သူ့ ပရဝုဏ် အတွင်းမှာ……..
နေရီရီအဆင်းက အသွယ်သွယ်
လျှိုဆင်းလာတဲ့ လမ်းလေးတွေပေါ်
ဖြာကျနေလိုက်ပုံများ
ရွှေမှုံတွေ ကြဲထားသလို။ ။
နည်းပညာခေတ်ရဲ့
အဖူး အငုံ အပွင့်
ဖြူပြာဝတ်လေးတွေက……..
ဒီလမ်းကလေးတွေမှာ
ခြေချင်းယှက် အနာဂါတ်မှာ
လင်းလက်ဖို့ အတွက်လေ။ ။
ငါတို့ အသက်ထက်
များစွာကြီးရင့်ခဲ့တဲ့
သူ့ ရဲ့အဆောက်ဦးတွေက………
ကမ္ဘာကျော် ဟားဗတ်
တက္ကသိုလ်တောင် မမှီနိုင်တဲ့
နွေးထွးမှုမျိုးနဲ့  ကြိုဆို………
သူ့ ရင်ငွေ့ လှုံသူတွေ
ခုဆို……. ဘယ်လောက်များ……..
များခဲ့ကြပြီလ။ဲ ။
စိမ်းစိုတဲ့ လယ်ကွင်းမှာ
လတ်ဆတ်တဲ့ ကောက်ပင်ပျိုရနံ့ သင်းလို့………
မှိုင်းပြာတဲ့ တောင်တန်းအောက်ဝယ်
ရေနီနီ အုတ်မြောင်းက တသွင်သွင်စီးလို့ ………
တမာရနံ့ တွေ လှိုင်လှိုင်သင်းပြီး
သဘာဝရှူခင်းတွေ ဝန်းရံနေတဲ့ ဒီတက္ကသိုလ်မှာ
တချိန်က ပျော်ခဲ့ကြဖူးသူတွေ…….
အခု လက်ရှိပျော်နေကြသူတွေ………
နောင်လည်း……. လာခိုဝင်ပျော်ရွှင်ကြဦးမဲ့သူတွေက
ဒါ…….. သူရို့ အမိတက္ကသိုလ် လို့
ဂုဏ်ယူမော်ကြွားချင်စရာကောင်းလောက်အောင်လည်း
သူဟာ တက္ကသိုလ်ဂုဏ်နဲ့  ပြည့်စုံလှတယ။် ။
ခုဆို ………
သူ့ ရဲ့အဝေးရောက်နေတဲ့
တချိန်က …………
သူ့ ရင်သွေးတွေက
ဘယ်နေရာမှာပဲဖြစ်ဖြစ်……….
သူ့ အကြောင်းဖွဲ့ ဆိုတဲ့ သီချင်းလေးဖြစ်စေ
သူ့ ပုံရိပ်ဖော်ကြူးတဲ့
ဓါတ်ပုံလေး တစွန်းတစဖြစ်စေ
မြင်ရင်တောင်………….
တသသ…….. လွမ်းဆွတ်ကြတယ။် ။
တဖွဖွ……… တမ်းတကြတယ။် ။
ချစ်စရာ့ MTU ရယ်…….
တကယ်တော့…….. “အသင်” …….ဟာ
အနာဂါတ် ကြယ်ပွင့်တွေကို
ဆုပ်ဆုပ်ကြဲပေးနေတဲ့…………
“ပညာကောင်းကင်” ကြီး………..ပါလားကွယ်။