စွဲလမ်းမိတဲ့ကောင်မလေး….သို့
ငါ့ရဲ့နံနက်ခင်းလေး
စတင်ဖွင့်လှစ်ရောင်ခြည်သစ်စဉ်
အရင်သတိရ
တမ်းတမိတာမင်းလေးပါဘဲ ။
ငါ့နေ့လည်ခင်း
သက်ဝင်လှုပ်ရှား၊သွားလေရာမှာ
တွေ့နေတာက
မင်းမျက်နှာ
ကြားနေတာက
မင်းစကားသံတွေပါ ။
ငါ့ညလေးမှာ
ညင်သာမှေးမှိတ်၊အိပ်ပြန်တော့လည်း
အိမ်မက်ပေးတာ
မင်းလေးပါဘဲ ။
ငါ့တစ်နေ့လုံး
မင်းဘဲပိုင်စိုး၊စိုးမိုးထားတော့
အလုပ်တွေပျက်
စာကြည့်ပျက်ကာ
မမြင်နိုင်တဲ့
သံယောဇဉ်ကြိုး
ပိုပိုတိုးလို့
ရှောင်တိမ်းဖယ်ခွာ
မလွတ်တာဘဲ
ငါ့မှာတော့အကျဉ်းသားတစ်ယောက်ပမာ
မင်းရဲ့သံယောဇဉ်ကြိုးတွေနှင့်**
မာန်ခက်ဝင့်
p.s// မောင့်ရဲ့အချစ်ဆုံးသဘောကျမယ်ထင်လို့~~~~
Comment #2
It’s b’coz of u.
It’s b’coz of u.
😛
By: ei lay at Sep 24, 2012
Comment #3
a yann kyike par de,
By: ei lay at Nov 5, 2012
Comment #4
ကျေးဇူး အိလေး သုံးခါတောင်ဖတ်တယ် 🙂
By: မာန်ခက်ဝင့်ဲ at Jan 17, 2014
Comment #5
ဟုတ်ဖူး
၃ခါပဲ comment ပေးတာ
ဖတ်တာကတော့ ၃ခေါက် မဟုတ်ဖူး
By: ei lay at Jan 18, 2014
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
😛
😛
😛