ငါ့ကိုလိမ်ပါ ~~ ငါယုံတတ်တယ်
ငါ့ကို လိမ်ပါ
ငါ ယုံတတ်တယ် …
မင်းစိတ်တိုင်းကျ ညာနိုင်ဖို့
ငါ့နှလုံးသား အရေထူထားတယ် …
မင်းသဘောကျ လျစ်လျူရှုနိုင်ဖို့ ..
ငါ့မျက်ရည်တွေ လှူထားတယ် ..
လုပ်ပါ ..
မင်းအလိုကျ ရက်စက်နိုင်ဖို့
ငါ့ဘ၀တစ်ခုလုံး ပုံအပ်ထားတယ် ..
သွားပါ ..
မင်းဆန္ဒတွေ ဖြည့်ဆည်းနိုင်ဖို့
ငါ့ မာနတွေ ချခင်းပေးထားတယ် ..
ဘာဘဲလုပ်လုပ်ပေါ့
ဘာဘဲဖြစ်နေနေပေါ့
အချစ်ကြီးတဲ့ငါ
အရှုံးတွေကြီးနေလည်း
ကျေနပ်ပါတယ် ..
အရင်ဘ၀က မင်းကိုငါ
အပြစ်ကြီးကြီးလုပ်ခဲ့မိလို့ဘဲလို့ …….. ။
Comment #2
မိုက်တယ် ဗျာ ကြိုက်လို့  share သွားပီ …………
အားပေးလျက်ပါ

Comment #3
🙂
Do as u like.
Think as u wish.
Say as u feel.
Treat as ur desire.
But,,,,
Don’t leave alone.
Don’t let go away.

Comment #4
ငါ့ကိုလိမ်ပါ ~~ ငါယုံတတ်တယ် …..နောက်ပြီး
ငါ.နင့်ကိုလည်းအရမ်းချစ်တတ်တယ်….ထပ်ထည့်ဖြည့်ပြီး ပြောလိုက်တာ…ဟဲဟဲ
ခံစအားပေးသွားပါတယ်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုက်တယ် ဗျာ ကြိုက်လို့  share သွားပီ …………