Professional Authors

” ခေါက်ရိုးကျိုး “

တယောက်တည်းနေလာတဲ့ ဘ၀ ကိုတယောက်ယောက်တံခါး ခေါက်လာမှာကို ကျွန်တော်မလိုလားဘူး

အပြိုင်အဆိုင်တွေနဲ့ တောက်လောင်နေတဲ့ ဘ၀ ကျွန်တော်ဟာ သုညမှာ ပျော်ဝင်နေတဲ့သူ
အစပ်အဟပ်တွေလည်း လွဲခဲ့တယ်

မလိုလားဘူး တယောက်ယောက် က နာကျင်နေတဲ့ကျွန်တော့်ကို ဖေးကူမှာကိုလည်းမလိုလားဘူး
ကာရံတွေကိုခွာချဖို့ ကြိုးစားနေတဲ့ သူတယောက်အတွက် မလိုအပ်ဆုံးဟာ အကြင်နာတရားပဲ
ကျေးဇူးပြု၍ ကျွန်တော့်ကို စာနာချင်ယောင်မဆောင်ပြပါန

ဲ့

မျက်ရည်ကျခြင်းဆိုတာကလည်း 10မိနစ်သက်တမ်းမျှပါ အချိန်မအားတဲ့ ကျွန်တော် ငိုဖြစ်ဖို့ လည်း သတိမရခဲ့ဘူး

ဟိုး တယောက် ဟောတယောက် ပါလာပြန်ပြီ မဂ္ဂဇင်းမှာ ဂျာနယ်မှာ ဟိုမှာ သည်မှာ …..ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်
ကျွန်တော့် ကိုလည်း မပူပါနဲ့မလျှောက်တဲ့ ခြေလှမ်းဟာ ဘယ်ကိုမှမရောက်နိုင်တာမို့  ၀မ်းနည်းပေးဖို့ လည်း မလိုအပ်ဘူး
တပတ်တပုဒ်နဲ့ အလုပ်ဖြစ်နေတဲ့ သူလည်း မဟုတ် တလတပုဒ်လည်း အသုံးမကျတဲ့သူမို့  ကဗျာဟာ မာယာတွေများသထက်
များလာတယ် ပတ်ဝန်းကျင်က လာလာပွားတဲ့ တရားဟောတွေလည်း ကျွန်တော် မကြားချင်ယောင်ဆောင်တာ
အတော်ကျွမ်းကျင်နေပြီ

တနေ့တလံ ပုဂံ ဘယ်ရွေ့မလည်း တဲ့ တနေ့ ဆယ်ခါလှမ်းလည်း ကျွန်တော့်ပန်းတိုင်ဟာဝေးနေဆဲ
တိတိကျကျ မရှိတဲ့ ဘ၀မှာ အတုကြီးတွေနဲ့ ကျွန်တော် မပတ်သက်ချင်ဘူး

ပြောပြောပြတဲ့ပုံပြင်တွေ ရိုးအီလို့  ကျွန်တော် အခုဆို အရိုးပဲကိုက်နေဖြစ်တယ် နှောင့်ယှက်သူမရှိ ဝေဖန်သူမရှိ

အလုပ်ထဲမှာ small တွေများလာတယ် ပတ်ဝန်းကျင်မှာ အတုတွေပေါလာတယ် ကျွန်တော့်ဘ၀လည်း အခါးတွေများလာတယ်
နှစ်နှစ်ခြိုက်ခြိုက်ပဲမော့သောက်နေမိ မမှီတဲ့ စပျစ်သီးဟာ သိပ်မြင့်လို့ ပဲနေမှာပါ သူ့ဟာသူနေရာမှာနေပျော်ပါစေတော့
ခူးဆွတ်ဖို့ လည်း ပျင်းခဲ့တယ်

လူဖျင်းလူညံ့တဲ့ သိပ်လှတဲ့စကား ကျွန်တော့်နှလုံးသားလည်း အရောင်းထိုင်းပုံရဲ့ ဟိုးအောက်ဆုံးမှာနေရာယူရင်း
သူ့ဘ၀သူမြတ်နိုးနေလေရဲ့ ကျေကျေနပ်နပ်ကြီးပေါ့ဆရာ

ညံ့တယ် ကျွန်တော်ဟာ ကျွန်တော်ပြန်ဖြစ်တဲ့အထိ ညံ့ခဲ့တယ် အကောင်းစားအိပ်မက်တွေလည်း တပ်မက်တတ်တယ်
ပိုက်ဆံကိုလည်း နှစ်ခြိုက်တယ် နွေးထွေးမှု ကိုလည်း လိုချင်တယ် မေတ္တာတရားကိုလည်း မက်မောတယ် ပုံပြောကောင်းတိုင်း
အိပ်ပျော်ပျော် ပြရ တဲ့နေရာမှာလည်းအတော်အသင့် နေရာရလို့  ငတုံးကြီးဘ၀မှာလည်း အသားကျခဲ့တယ် လူချစ်လူခင်လည်း
များချင်တယ် အပေါင်းအသင်းတွေလည်း ပေါချင်တယ် ဘာလုပ်လုပ်ဖြစ်တယ်ဆိုတဲ့ ဆရာကြီးစတိုင်ကိုလည်း ဖမ်းချင်နေသေး
တယ် ဘာပြောပြောသိတဲ့ ပုရောဟိတ်အထာနဲ့ အနာဂတ်ကိုလည်း နမိတ်တွေ ခဏခဏဆွဲတတ်သေးတယ် ဒီလိုနဲ့
ကျွန်တော် ဟာ ကျွန်တော်ပြန်ဖြစ်သွားတဲ့ အထိ တိုင်အောင် ညံ့ခဲ့တယ်

ဖျင်းတယ.်
ကိုယ်လျှောက်တဲ့လမ်းဟာ အကျိုးလား အကြေ လား မသိလောက်အောင်အထိ
ပစ္စုပ္ပန်မှာ ခဏခဏ အိပ်ငိုက်နေတတ်တဲ့ လူဖျင်းကြီးလို့ လည်း ၀န်မခံချင်လောက်အောင်အထိ
လေပြေသွေးတဲ့ မျှော်လင့်ချက်တွေ ခဏခဏသေဆုံးပြစ်တတ်တဲ့အထိ
ကြယ်တွေခူးပြီးပန်းခြင်းထဲထည့် နေတစင်း လ တဖက် သံလွင်ခက်တွေ တလူလူနဲ့ အနာဂတ်ကို လက်ပြနှုတ်ဆက်ရလောက်
အောင်အထိ
ကျွန်တော် ဖျင်းခဲ့တယ်

ကျွန်တော့်မှာ လက်တွေ့မရှိဘူး ပုံပြင်တွေပဲရှိတယ်
ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး ဒါပေမယ့် စကားလုံးတွေရှိတယ်
ကော်ဖီခဏခဏသောက်တယ် ရင်ခဏခဏတုန်တယ်
အဆုံးမရှိ အစ မကြည့်နဲ့ ဘ၀ ကို ခဏခဏ ပုံဖော် ပြုံးတယ်

အတိတ်တွေက သေ ဘ၀ ဟာ ကျိုးကြေလို့  နှစ်နှစ်ဆယ်ကျော်ကို ဗီရိုထဲ ပစ်စလက်ခတ် ခေါက်သိမ်းဖြစ်ခဲ့တယ်
တခေါက်တလေ ရယ် မှ ပြန် မထုတ်ကြည့်ဖြစ်ခဲ့ဘူး

In: ကဗျာ Posted By: Date: Sep 25, 2012
Comment #1

အတိတ်တွေက သေ
ဘ၀ ဟာ ကျိုးကြေလို့ 
ဗီရိုထဲ ပစ်စလက်ခတ် ခေါက်သိမ်းဖြစ်ခဲ့တယ်
တခေါက်တလေ ရယ် မှ ပြန် မထုတ်ကြည့်ဖြစ်ခဲ့ဘူး ။

အရမ်းကြိုက်လွန်းတဲ့အရေးအသားတွေနဲ့…….. ခံစားအားပေးသွားပါ၏။

commentinfo By: moezat at Sep 26, 2012
Comment #2

ကိုမိုးဇက် …ကျေးဇူးတင်ပါတယ်ခင်ဗျ

commentinfo By: အသဲကွဲ မိုး at Sep 26, 2012
Comment #3

😛
😛
😛

commentinfo By: ei lay at Sep 27, 2012
Comment #4

အားပေးခံစားရင်း……….. 😛

commentinfo By: Meaningless at Sep 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment