Professional Authors

ဇာတ်ခုံပေါ်ကလူ

မမကြီး ပြန်လာတဲ့အခါ
သားဖို့ မုန့်ဝယ်ခဲ့နော်လို့
မောင်ငယ်က မှာ….
ဝယ်ခဲ့မှာပေါ့လို့
အပြုံးတစ်ဖဲ့နဲ့ စကားဆိုဆဲ…
သားဖို့ ဘောလ်ပင်ဝယ်ခဲ့နော်လို့
မောင်အလတ်က ထပ်မံဆို…
အပြုံးစရဲ့ မပီပြင်ဝိုးတ၀ါးနဲ့
နံနက်ခင်း အလုပ်သွား
မောင်အကြီးက အိမ်ပေါက်ဝက ဆီးကြိုပြော
မမ သားကို မုန့်ဖိုးပေးပါဦးတဲ့။
သြော်… မပြည့်စုံတဲ့ ငါတို့ဘဝ
ရင်နာရပါဘိ
ငါ့ရဲ့မိသားစု ပြည့်စုံအောင်
ငါ မစွမ်းဆောင်နိုင်သေးပါလား
မိဘအပေါ် သားသမီးဝတ်
မကျေသေးတဲ့ ငါ့ကိုငါပဲ
စိတ်ဆိုးရမှာလား
ကံကြမ္မာကိုပဲ
အပြစ်ဖို့ရမှာလား
ငါ့ကို ငါလည်း ဝေခွဲခက်စွာ
လောကကြီးရယ်
တစ်ခွန်းလောက် ပြောလှည့်ပါဦး….

In: ကဗျာ Posted By: Date: Jun 1, 2010
Comment #1

မောင်ညီမလေးများကအားကိုးစရာလို့သတ်မှတ် အချစ်များစွာနဲ့မှာလိုက်ကြတဲ့အသံများ
ကြားလိုက်မိရင်
ကိုယ်မှာဖြည့်စရာအားမရှိတော့ ရင်နာစရာလို့များတစ်ခါတစ်ခါထင်မိပါရဲ့။
စည်းစိမ်ကတော့အစုံ ငွေကြေးကလဲ တစ်ပုံတစ်ပင် ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်အချစ်မမြင်
အပြစ်တင်နေတတ်တဲ့ မိသားစုနဲ့စာရင်
ကိုယ့်ဘ၀ကို အတော်လေး ကိုဘ၀င်ကျမိပါရဲ့။

Leave Comments

Name*

Email*
Website
Email me whenever there is new comment