“PAUSE ဖြစ်သွားတဲ့ဂီတ”
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:14.0pt;
font-family:”Calibri”,”sans-serif”;
mso-bidi-font-weight:bold;
vertical-align:super;}
“PAUSE ဖြစ်သွားတဲ့ဂီတ”
အသံတိတ်ထွက်ခွာခြင်းက အဲဒီညနေကိုစတေးခဲ့တော့
နာကြင်ခြင်းထက် အဆများစွာပိုခဲ့
ဒေါသထက်ပိုပြီး တက်ခေါက်စရာမရှိတော့
ပူလောင်ခြင်းထက် အဆများစွာလောင်မြိုက်ခဲ့
တစ်ယောက်ထဲရှိခြင်းထက် အဆများစွာအထီးကျန်ခဲ့။
ဆရာမောင်ချောနွယ်ပြောသလို
ဘာဘီကျူး မီးဖိုကြီးပေါ်မှာ
မင်းအသားတွေ မင်းကင်ပြီး
မြိန်ရေယှက်ရေ စားခံရသလို။
ရေသောက်မြစ်ဖြတ်ခံရတဲ့ကမ်းနားသစ်ပင်ဟာငါပေါ့
ဘယ်နေ့ ပြန်လာမှာလဲမတွေးရဲ
အခုချက်ခြင်းပြန်လာစေချင်တဲ့စိတ်နဲ မျှော်ပြီးရင်းမျှော်နေသူ ချစ်သူတစ်ယောက်ဟာငါ။
မိုးမရွာပဲအုံ့ မှိုင်းပုံက
ညနေခင်းတစ်ခုလုံးသည်းသည်းမည်းမည်းမှောင်သွားခဲ့ပြီ
ငါ့ရင်အုံကိုဖောက်ထားတယ်ဆိုကာမှ ရင်တစ်ခုလုံးယူသွားခဲ့
ညှို့ တင့်ထားတဲ့ပိုးကြိုးတွေဟာ ဘယ်လိုလက်နဲ့ များအသံထွက်နိုင်မှာတဲ့လဲ
John Williams ဆီ Ph ဆက်ချင်တယ်
Segovia ဆီ Mail ပို့ ချင်တယ်
အလီဘာဘာရဲ့ တမန်တော်ရေ….
ငါ့ လက်သည်းတွေလည်းကျိုးခဲ့တော့ အနာဆုံးဒဏ်ရာကိုမျိုသိပ်လို့ 
အသင့်ရဲ့ လိုအပ်မှုပင်လယ်မှာ
ဂီတဟာ Pause ဖြစ်သွား။ ။
ယူကလစ်
(၂၃၊၉၊၂၀၁၂)
(ပျောက်ဆုံးသွားသော ဂီတာတစ်လက်သို့ )