လွင့်
လွင့်
လမ်းဆုံးမှာ ..
ငါ့ ချစ်ခြင်းတွေ
ဟိုးတစ်ဖက်မှာ
ဝိုးတ၀ါး နင့်ပုံရိပ်တွေ ..
ကောင်းကင်တစ်ပြင်လုံး
အမုန်းတွေနှင့်
အုံ့မှိုင်းနေတော့တာပဲ…
ရာသီတွေ ပျောက်ဆုံး
နောက်ပြန်လှည့်လို့မရတော့တဲ့
စက်ဝန်းတွေနှင့်
ငါကိုယ်တိုင်
ယစ်မူးပျော်ရွှင်ခဲ့သမျှတွေက
နင့်ရဲ့
ဟန်ပြသက်သက်
အချစ်အတွက်မှန်း
သိလိုက်ရတဲ့ .. အချိန်တွေက
သိပ်နောက်ကျနေပြီပဲ
ငါ့ကိုယ်ငါတောင်
ေ၀၀ါးစေခဲ့တဲ့ … ကဝေ
နင် သိပ်တော်လွန်းခဲ့တယ်
ကျေနပ်တော့
ငါ အခု
ရှင်လျက်နှင့် သေဆုံးခဲ့ပြီလေ ..။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ငါ အခု
ရှင်လျက်နှင့် သေဆုံးခဲ့ပြီလေ ..။