HIGH COMMISSIONER ညများ
ငါ. . .
နိုးထတော့
မြို့ငယ်လေးခမျာ
ထုံးစံအတိုင်း
မိုးဖွဲဖွဲအောက်မှာ
အိပ်ငိုက်နေပြီ ။
မနှစ်က
တိုးတိတ်တိတ်
ကျကွဲခဲ့တဲ့
ငါ့ အသဲတစုံ
မြေမှာ တဆတ်ဆတ်တုန်နေတုံးပေါ့ ။
တိမ်တိုက် မဲမှောင်မှောင်ကြား
တခဏလေး အလင်းပေး
ပြီး
ရုတ်ခြည်းပျောက်သွားတဲ့
လျှပ်စီးတွေ . . .
ဒါ
ငါ့ မျှော်လင့်ချက်တွေပဲလား
ပတ်ဝန်းကျင်ကို
လှုပ်ခါယိမ်းထိုးအောင်
ဆော့ကစားလွန်းတဲ့
လေပြေတွေကရော
နင့်ရဲ့ အချစ်တွေလား
ခေါင်မိုးထက်မှာ
မိုးစက်တွေ ကျကွဲသံ
ငါ . . .
အော်ငိုလိုက်မိတယ်
ဒီလိုနဲ့ပဲ
မိုးသောက်တော့
အိပ်ယာဝင်
ကဗျာတွေကိုတောင်
မခင်ချင်တော့ဘူး . . .
sorry
ငါ . . .
ရင် နာ လွန်း လို့ ပါ . . .
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိုးသောက်တော့
အိပ်ယာဝင်
ကဗျာတွေကိုတောင်
မခင်ချင်တော့ဘူး . . .
sorry
ငါ . . .
ရင် နာ လွန်း လို့ ပါ . . .LIKE