နည်းနည်းလေးဖြစ်ဖြစ် နေသာထိုင်သာ ရှိအောင် အဆိုးမြင်ဝါဒကို အဆင်ပြေပြေ မွမ်းမံ
နေ၀င်တယ်။မိုးချုပ်တယ်။ထမင်းစား ပြီး/မပြီး မသိ။လျှာက အရသာကို ရှာလို့မရ။အရသာက
လျှာကို အရင်းကနေ လွှဆွဲတယ်။သတိထား . . . ဒီမြို့က ဟိုမြို့နဲ့ မတူဘူး။အသက်နှစ်ဆယ့်
ခုနှစ်နှစ်ကျော်မှ ဘ၀ကို စတင်တွေးခေါ်မိတာက စတာပဲ။နှစ်ပါးသွားကဖို့ စဉ်းစားနေရုံနဲ့ပဲ အချစ်
ကဇာတ် လည်နေတော့မလား။တောက်ခေါက်လိုက်၊မကျေနပ်သေးရင် အော်ဆဲလိုက်။စိတ်ချမ်းသာ
စရာတွေ ပြန်တွေးအောက်မေ့ရင်း စိတ်ဆင်းရဲစရာတွေ ခေါင်းထဲ ဇွတ်ဝင်လာ။မငြင်းပယ်လိုက်နဲ့။
တံခါးကို တွန်းဖွင့်ဝင်ရောက်လိုက်ရင် အမှောင်က ကမ်းဆိုက်တယ်။ရင်ဆို့နေတဲ့အိမ်လွမ်းစိတ်ဟာ
ဖွင့်ဖတ်လက်စစာမျက်နှာပေါ် ရှေ့ကရေး နောက်ကပျက်ပေါ့။ကဗျာဆရာအဖြစ်ကို မလိုချင်တော့ဘူး။
တစ်နေ့နှစ်ကြိမ် ဓားနဲ့အထောက်ခံထားရတဲ့ နှစ်ဆယ့်လေးနာရီလူ့အဖြစ်ကို မပိုင်ဆိုင်ချင်တော့ဘူး။
သူ တကယ်ချစ်တဲ့အငွေ့အသက်လေးနဲ့ပဲ ဖျားနာမှုကို အနွေးဓာတ်ပေးထားတယ်။ငါ အသက်ရှင်နေ
သေးတယ်ဆိုတာကိုတော့ ဒီကဗျာ/စာသားကို ဖတ်မိသူတွေ လက်ခံရဲ့မဟုတ်လား။တကယ်တမ်းကျ
တော့ မပြောချင်ပါဘူး။တကယ်တမ်းကျတော့ မပြောလို့ မဖြစ်/ပြီးဘူး(ထင်နေတာ)။သူသေကိုယ်သေ
သံခင်းတမန်ခင်းဆန်နေကြတာချည်းပဲ။တိတ်တိတ်ဆိတ်ဆိတ် တိတ်ဆိတ်၊မေ့ကျန်ရစ်ခဲ့တဲ့နှင်းဆီပွင့်
ဖတ်တွေကို တစ်ရွက်ချင်း လှန်ဖတ်။ဓားဒဏ်ချက်ချင်း ထိုးခုတ်သတ်ပုတ်ရာက အံ့သြလွန်းလို့ ကျကွဲ
သွားတဲ့အသံ။အာခေါင်ကို မီးဆေးလက်စသံခက်ရင်းနဲ့ ထိုးကန့်လန့်ထားတယ်။ခင်ဗျားခြေထောက်
ဖြတ်ပစ်ရမယ်လို့ ဘယ်သူပြောလိုက်တာလဲ>;< ”””’ဒုန့်ထ် ၀ါရီ””’။ကျွန်တော့်ဆေးနဲ့တွေ့ရင် အလိုလို
ပြတ်ကျသွားစေရမယ်:D။. . . . . . . . . . . . . . . . . . ;( ။မသိရင်မှတ်ထား။ဒဏ်ရာတွေ မိုးချုပ်မှ
ခင်ဗျားခြွေချင်တဲ့ ကြယ်တွေကို မြင်ရမယ်။
ကိုသျှား
Comment #1
ကျနော် ကြိုက်တဲ့အမျိုးအစားပဲဗျာ ………ဘယ်လိုအမျိုးအစားလဲတော့ မခွဲခြားတတ်ဘူး
ဒါပေမယ့် ကြိုက်တာတော့သိတယ်ဗျာ ……..ဟီး