Professional Authors

အကျယ်ချုပ်

သံတိုင်တွေကြားမှာ မနက်ခင်းတွေ သေဆုံးခဲ့

ညဆိုတာ … အသူရကာယ် တမျှ နက်တယ်

 

နေ့တာတို နေ့တာရှည်ခြင်းတွေဟာလည်း

ရက်စွဲတွေနဲ့မဆိုင် သလို

မပြောင်းမလဲ ပြဿဒါးဆန်နေဆဲ

တောင်ပံဖြန့်တိုင်းလည်း ပျံသန်းလို့  မရောက်ခဲ့ဘူး

 

တတ်မြောက်ထားတဲ့ စကားလုံးပေါင်း ရာထောင်ချီမှာ

ဘာသာတလွဲတွေနဲ့ အယူအဆ ကွဲနေ ဆဲ

ဘာ့ကြောင့် ငါ သံတိုင်တွေထဲ မြဲနေသလည်း???

 

နှစ်တွေ လတွေ အလီလီ ပြောင်း ခဲ့

သို့သော်လည်း

ဒီတံတိုင်း ဒီအတိုင်းပဲ ခြားနေဆဲ

ပျံသာပျံတယ် နေရာကမရွေ့ဘူး

ငါ့ကိုချည်တဲ့ကြိုးဟာ

အတောင်ပံမစုံသေးတဲ့ ဌက်ငယ်ကလေးရဲ့ ငိုသံ ပဲဖြစ်တယ်

 

သွားတယ် မရောက်ခဲ့ဘူး 

အတောင်ပံစုံညီ ပျံသန်းဖို့  မလွယ်သေးဘူး

 

ငတ်တယ် မရခဲ့ဘူး

အပြန်ပြန်အလှန်လှန်ထားရှိသင့်တဲ့ respect တရားတွေ

 

ယက်တယ် မမြဲခဲ့ဘူး

မလုံတဲ့ချည်ကြိုးတစ ကို နွေးထွေးစေမယ့် စောင် တထည်လို

 

ပြေးတယ်  မဝေးခဲ့ဘူး

နောက်ပြန်ဆွဲခြေလှမ်းတွေနဲ့မရောက်နိုင်သေးတဲ့ပန်းတိုင် တခုကို

 

ကိုယ့်ကမ္ဘာကို ပြန်ရှာမရတဲ့ အဆုံးမှာ

ရင်ဘတ်ထဲ အခါခါ ငုံကြည့် လို့ အဖြေထုတ်

အသက်မပြည့်နိုင်သေးတဲ့ စာတအုပ်လို

ဒဏ်ရာတွေနဲ့ ပြည့်နှက်ခါးသီး

 

(တောင်ပံချို့တဲ့နေတဲ့ )

ဌက်ငယ်ကလေးရဲ့မျက်ဝန်းတခတ်မှာ

 

အရာရာ ဟာ တိတ် ဆိတ် သေချာ လွန်းခဲ့တယ်

 

ငါ………………………………………………….

ဘယ်တော့မှ………………………………….

သည်ကြိုးလေးမခိုင်သရွေ့………………………

ဘယ်ခြေလှမ်းမျှ ရွေ့မည် မထင်……………..။

 

(ဒီတခါမိုးတိမ်တွေ ကင်းစင်ရင်ဖြင့်

ဝေးဝေးပြေး မြင့်မြင့်ပျံဖို့ 

ဌက်သူငယ်ကလေးမလေး အတောင်ပံတွေ စုံနေဖို့ လိုတယ်)

 

ငါဟာ ….သင်မပါပဲ ခရီးမတွင်နိုင်ခဲ့သော

ခြေကျင်းခတ်နဲ့ဌက်ခရီးသည်

In: ကဗျာ Posted By: Date: Oct 1, 2012
Comment #1

🙂

commentinfo By: ei lay at Oct 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment