မှော်
စကားလုံးတွေတူပေမယ့် စာလုံးပေါင်းတွေ လွဲ …… ဘာသာပြန်ကွဲတဲ့ အရပ်ကို အချစ်လို့ အမည်တပ်
သူရှိရာ ဘက်သို့ အမြဲလှည့် လို့………………………………………………………ဖူးပွင့်ဖို့ လည်း ရဲ ခဲ့တယ်
လူနုံလူအ တယောက်ပါ အဖြူစင်အမြတ်နိုးဆုံးတွေနဲ့ ၀န်းလို့ ရံသူ့အသုံးတော်ခံဖို့ ပဲ ကကြိုးရုပ် ဘ၀ ထဲ ခြေစုံပစ်ဝင်ခဲ့တယ်
စံပါယ်ဖူးနှုတ်ခမ်းလေးတွေနဲ့
သူပြုံး …
သူ့အပြုံးဆိုယုံနဲ့ နှလုံးသားက အလိုလိုခွေကျ
အရည်ပျော်ခြင်းဆိုတာ
….ဒါကိုခေါ်သလား …???
(ကိုယ့်မှာ သတိတွေလည်းမရှိတော့ပါဘူးကွယ်)
အကြည့်စူးစူးလေးတွေနဲ့
ပြုစား
သူ့မျက်ဝန်းတွေ..နောက်မှာ
အမှန်တရားတွေ ခဏခဏကြွေကျ
စေလိုရာစေ ရုပ်သေးရုပ်ဆိုတာ
ဒီလို..အဖြစ်လား???
(ဝေဖန်ပိုင်းခြားပိုင်ခွင့်တွေလည်း ကိုယ်လျစ်လျူရှုမိခဲ့တယ်)
ဆည်းလည်းသံသာတေးတွေနဲ့
အချိုသာဆုံးသုံးတဲ့စကား
သူ့စကားဆိုယုံနဲ့
တွေဝေစဉ်းစားခြင်းမဲ့
ခေါင်းမခါတတ်တဲ့ ပုတ်သင်ညိုဘဝ
အချစ်ဆိုတာ
ဒါမျိုး လား ????
(ကိုယ်အကျွမ်းတ၀င်မရှိခဲ့ဘူးကွယ်)
ကလေးရေ……
ကိုယ့် အသည်းဦးမှာ ဖူးတဲ့ပန်း မနှေးလှမ်းကာ ခူးဆွတ်လှည့်ပါ
ဒီကောင့်ရင်ဘတ်က မှန်းတဲ့ အနမ်း မင်းအချစ်နဲ့မှလန်းဆန်းမှာယုံ
ဘ၀ ဆိုတာကို ပုံအပ်လို့  နှစ်ယောက် အတူ ဆေးခြယ်သရအောင်လား???
(မင်းဟာ..ကိုယ့် အမြတ်နိုးဆုံး သက်ရှိလေး ပါ)
ဟောကြည့်……..ကောင်းကင်ကြီးမှာ သက်တန့်ရောင်တွေ လက်လို့ …
မိုးတိမ်တွေတောင် မနာလို တော့ဘူးကွယ်
Comment #2
wow,,,,
ma moe yae,,,
a g g ko kyike de,
a g g ko kway twar pi.
😛
😛
😛

Comment #1
တပုဒ်လုံး ဝင်တိုင်မိသွားတယ်။ လန်းတယ်။