မင်း မပျင်းရင် အပျင်းပြေ ကြယ်တွေကို ရယ်ကြည့်ပါလား၊ကြိုက်တဲ့ခလုတ် မျက်စိမှိတ် နှိပ်လိုက်။မင်းကို ရှာနေတာ ကြာပြီ
ပြောကို မပြောချင်ဘူး။မျှော်လိုက်ရတာ အဘက်ဘက်က မောလို့။ဖြစ်ပြီးရင် ပျက်၊ပျက်ပြီးရင် ဘယ်တော့မှ ပြန်မဖြစ်တော့ဘူး။
အသစ်အသစ်သော။အချစ်ဆိုတာ ကလေးကစားစရာမိတ်ဒ်အင်ချိုင်းနား။စိန္တေမြတ်ထံ ဆုပန်သ ကုန်းရုံးဦးချမိတော့တယ်။အိပ်
မက်ထဲက အိပ်မက်ထဲမှာ အိပ်မက်မက်နေသလို။သည်းထိတ်ရင်ဖိုဟာသဇာတ်။ရင်ခုန်သံပိုက်တန်းလန်းနဲ့ လူနာကို ဆေးပေးမှား
သွားတယ်။ဒီပလိုမေစီ မသုံးချင်လို့သာ ရရင် ရမယ်၊ရန်သူမတော်ချင်လို့ မရ။လောကဓံရဲ့ငယ်နာမည်က ပိုက်ဆံအိတ်ထဲမှာ၊နား
မလည်ဘူးကွာ၊ဘယ်လိုနည်းနဲ့မှကို နားမလည်နိုင်တော့ဘူး။အရှိတရားနဲ့ဘာသာစကားဥာဏ် ပကတိကင်းကွာနေသလို မင်းအ
ရေးအသားဟာ ငါ့အဓိပ္ပာယ်ထက် နက်နေတယ်။အကုသိုလ်တွေနဲ့ ကွယ်နေတဲ့ရွှေတိဂုံကို အဂါင်္ဂြိုဟ်သားတွေ မြင်နိုင်။ရွှေပြောင်
ပြောင်တဲ့။လုပ်မနေနဲ့ ဒါမျိုးတွေ ရိုးနေပြီ။ဝိုင်ယာကြိုးတလျှောက် စကားသံဖြစ်အစိတ်အပိုင်းတွေ။အစိပ်စိပ်အပိုင်းပိုင်း ရေတိမ်နစ်။
အရသာဟာ ရသလောက် ကပ်ဖဲ့ခါးသီးနေလိုက်ပုံ။လမ်းဘေးကကွန်ဒုံးဟောင်းဟာ ဘယ်ခံတပ်ရဲ့ကျောက်စာတစ်ချပ်လဲ။သုံးလခံ
ဆေးမှ ထိုးမထားနိုင်ရင် ဘ၀တစ်ခုလုံး ပုံအောမလောင်းနဲ့။လူဦးရေဖောင်းပွမှုက အိမ်ခြေယာခြေမဲ့စေတယ်။ဝက်ဆိုရင် ပေါ်ပစ်
လိုက်ဖို့ထက် ဘာမှမပိုဘူး။ဇောချွေးပြန်နေတဲ့ ၀၀ဖိုင့်ဖိုင့်အတ္တဘောကြီးကို ကိုယ်ချင်းစာစိတ်လေး ၀င်နေတုန်းပဲလား။မြိုဆို့ခဲ့သမျှ
လောဘတွေ ဂုတ်ပိုးအစ် သူ့မနိုင်ဝန်နဲ့သူ ကျွန်တော်ထိုင်နေတဲ့ခုံကို မျက်နှာရိပ်မျက်နှာကဲနဲ့ လာလာရိုက်ချိုးပေါ့။မြန်မာနိုင်ငံရဲ့
အခြေခံလစာအရ သူတောင်းစားတောင် လှည့်မကြည့်ချင်တဲ့ငွေကြေးနဲ့ အပင်ပန်းဆုံးအလုပ်ကိုသတင်းထောက်တချို့လုပ်ကြ
တယ်။သခင်မျိုးဟေ့ ဒို့ဗမာ။ကျွန်တော် အမျိုးကောင်းသားတရုတ်ကြီးဆီမှာ ခန္ဓာကိုယ်ရောဦးနှောက်ပါ ပုံအပ်ပြီး ထမင်းစားကျွန်ခံ
လုပ်ပါတယ်။အမှန်က လွယ်လွယ်လေးပါ။ရှင်းလွန်းတော့ ဘယ်လိုမှ ရှုပ်လို့မရဘူး။
ကိုသျှား
Comment #1
အခြေခံလစာအရ သူတောင်းစားတောင် လှည့်မကြည့်ချင်တဲ့ငွေကြေးနဲ့ အပင်ပန်းဆုံးအလုပ်ကိုသတင်းထောက်တချို့လုပ်ကြ
တယ်။သခင်မျိုးဟေ့ ဒို့ဗမာ။ကျွန်တော် အမျိုးကောင်းသားတရုတ်ကြီးဆီမှာ ခန္ဓာကိုယ်ရောဦးနှောက်ပါ ပုံအပ်ပြီး ထမင်းစားကျွန်ခံ
လုပ်ပါတယ်။အမှန်က လွယ်လွယ်လေးပါ။ရှင်းလွန်းတော့ ဘယ်လိုမှ ရှုပ်လို့မရဘူး။
LIKE LIKE LIKE