အလိုက်သင့် 
တနေ.က ကောင်းကင်ပြိုသတဲ့…….
“……………..”ဆိုတာကြားရတယ်
ကိုယ်.ကိုကိုယ် ကောက်ကြည့် တော့
အတောင်တွေလဲညောင်းနေပါပြီ။
တနေ့ က ပန်းတွေငိုသတဲ့ …..
“………………”ဆိုတာကြားရတယ်
ကိုယ့် ကိုကိုယ် နမ်းကြည့် တော့ 
ငါးပုပ်နံ့ ထွက်နေတယ်၊
တနေ့ က မိုးခါးကြီးရွာသတဲ့ ……..
“…………….”ဆိုတာကြားရတယ်
ကိုယ်.ကိုကိုယ် ချိုးချလိုက်တော့ 
အား………ခါးလိုက်တာ။
မတတ်နိုင်ဘူး
ဘာမှမတတ်နိုင်ဘူး.။
ပုထုဇ၁ု
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service