မိသားစု
ကျွန်းစိုစို
နေညိုညို
တိမ်အိုတွေ တစ်အုပ်တစ်မ လွင့်လာပေါ့
ကိုယ့်ညစာကိုယ် ပိုက်ဆွဲရင်း
ဒီရေနဲ့အတူ ပြန်လာခဲ့တယ်
လူသူမရှိတဲ့ ညတွေဆီ …
ခပ်ဝေးဝေး မီးအိမ်လေးမှိန်
ခပ်သဲသဲ ရယ်သံလေးတိမ်
လေး ငါး ယောက်စာထမင်းဝိုင်းကို ကျောခိုင်းပြီး
လက်ကျန်တစ်ပိုင်းနဲ့
အသိစိတ်ကို အဝေးနှင်လွှတ်လိုက်တယ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မိသားစုကဗျာတွေများစွာထဲက
မိသားစုကဗျာတစ်ပုဒ်ပါပဲ
ရိုးရိုးရှင်းရှင်း လှတယ်
ချစ်ခင်လျှက် . . .
ကိုသျှား