~~ အဖြူရောင် အကြမ်းထည် ~~
အကြောင်းကြောင်းသော
အကြောင်းကြောင်းကြောင့်
အမျိုးမျိုးသော အမျိုးမျိုးတွေ
ဖြစ်ခဲ့တယ် ..
ဘယ်တတ်နိုင်ပါ့မလဲ
ကံကြမ္မာရယ် ..
ငါနေသားကျအောင် ကြိုးစားတတ်ခဲ့ပါပီ။
ချစ်ပေမယ့်လည်း စွန့်လွှတ်လိုက်သလိုပေါ့ …
မုန်းလို့မရလည်း မေ့လိုက်သလိုပေါ့ …
ငါက အဖြူရောင်
အကြမ်းထည်သက်သက်လေ …. ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အဖြူရောင်အကြမ်းထည်လေးပါ
တိုက်ဆိုင်တယ်ဗျာခံစားချက်က
လေးစားစွာအားပေးသွားပါတယ်