My file – 1
ပေါက်ပန်းလေးဆယ်ပြောနေတဲ့ခင်ဗျားပါးစပ်ကိုပိတ်လိုက်တော့
ရော့ ဒီမှာကျုပ်အသည်းနှလုံး နာကျင်ခြင်းတွေနဲ့ အကြင်နာတွေအုပ်ပိုး…တယုတယ ဆက်သလိုက်တယ်
သခင်မမ ပျော်ပါ့စေတော့
မလိုချင်ဆုံးဆိုတဲ့နေရာတခု မှာ ကျုပ်ရှိနေတဲ့အတွက် ခင်ဗျားကျေးဇူးကိုမမေ့ဘူး
Online s – x တွေမလုပ်ပါနဲ့ ခင်ဗျားဟာ ကျုပ်ရင်ထဲ အဖြူစင်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကိုပိုင်ဆိုင်ထားခဲ့လို့ ပဲ
စေလိုရာစေ ကောင်ပါ
ချောင်မှာမှောင်နေပေးနေတာတောင် မကျေနပ်ဘူးတဲ့လား
မျက်နှာများတာ အသည်းမပါခဲ့ဘူး အဲဒါ ခင်ဗျားဆီမှာလေ
သစ္စာလည်းမဖတ်ဘူး တုတ်နှောင်မှုတွေလည်းမတတ်ဘူး
ခင်ဗျားအတွက်ပဲဆိုတဲ့ ဟောဒီကောင်ရဲ့ ဈာပနာမှာ သခင်မမ ခင်ဗျား မော်ကြွားလှည့်ပါ
သုညတွေနဲ့ကောင်မှာ အဆောင်အယောင်တွေမပါခဲ့လို့  ၀န်ချတောင်းပန်တယ်
ဒီဘ၀မှာ ခင်ဗျားကိုကျုပ်မလိုချင်တော့ပါဘူး အပိုဖြစ်သွားတဲ့ record တခုရဲ့ ရုပ်ကြွင်းနေရာမှာ ကျုပ်ရှင်သန်တယ်
မငိုဘူး ဆိုတာလည်း ယုံတယ်
ကဗျာနဲ့ကျွန်တော် အတူတူရေးကြတဲ့ ပုစ္ဆာတိုင်းရဲ့ အဖြေမှာ ခင်ဗျား
အများနဲ့လည်းခင်ဗျားဟာသိပ်သက်ဆိုင်တယ်
မလိုတမာစိတ်နဲ့ ဒီစာကို ကျွန်တော်ရေး အဆုံးမှာ အရှုံးတပိုက်နဲ့ ခေါင်းငိုက်စိုက်လို့ လာရာလမ်းအတိုင်းလှည့်ပြန်ခဲ့တယ်
ဒါနဲ့
စကားမစပ်
ခင်ဗျား ဆီမှာ ခယနေတဲ့ အသည်းနှလုံးနဲ့ကောင် ကျွန်တော်ပါ
ဆိုတာ
မေ့ ထား …ပျော် ပါး နေ လိုက်ပါ နွေပျောက်နေတဲ့ ခင်ဗျားအတွက် ကျွန်တော်ဟာ မိုးဆန်ခဲ့လို့ 
ကံကြမ္မာကိုပဲ အပြစ်ဖို့ ခဲ့တယ်
နောက်နောင်ဆိုတာ ကျွန်တော့် ကမ္ဘာကိုနောက်ပြောင်နေသလိုပါပဲ
ပျော်ရွင်ခြင်းဟာ…အတောင်ပံ စုံလင် နဲ့ ကျွန်တော့်အနားကပြေးထွက်သွားခဲ့တာမို့ 
ဓာတ်ပြားဟောင်းတချပ်နဲ့ ကျွန်တော်ကြေကွဲမယ်
“မိုး …မိုး ကို ကျွန်တော် အရမ်း ချစ်တယ်”
ပြောခဲ့တဲ့အတိုင်းပါပဲ
သခင် မမ ပျော်ပါးနေပါတော့
Comment #2
စေလိုရာစေ ကောင်ပါ
ချောင်မှာမှောင်နေပေးနေတာတောင် မကျေနပ်ဘူးတဲ့လား
မျက်နှာများတာ အသည်းမပါခဲ့ဘူး အဲဒါ ခင်ဗျားဆီမှာလေ
နောက်နောင်ဆိုတာ ကျွန်တော့် ကမ္ဘာကိုနောက်ပြောင်နေသလိုပါပဲ
ပျော်ရွင်ခြင်းဟာ…အတောင်ပံ စုံလင် နဲ့ ကျွန်တော့်အနားကပြေးထွက်သွားခဲ့တာမို့ 
ဓာတ်ပြားဟောင်းတချပ်နဲ့ ကျွန်တော်ကြေကွဲမယ်
“မိုး …မိုး ကို ကျွန်တော် အရမ်း ချစ်တယ်”
xo good….

Comment #4
:'(
😮
:'(
:'(

Comment #6
ကျွန်တော့်ကဗျာလေးကို ဖတ်ရှုအားပေးသွားတဲ့ အားဆေးလေးများအားလုံးကျေးဇူးအထူးတင်ရှိပါတယ်
အားလုံးပဲ
MERRY CHRISTMAS

Comment #1
like this