ခင်ဗျားဘာသာဗေဒက ကျွန်တော်မမြင်ရတဲ့လေးထောင့်တုံးတွေ (သက်ထွေး)
တစ်ခါတစ်လေ သိပ်ရယ်ရတယ်မဟုတ်လား …
ကျွန်တော်ပြောပါတယ် …
ကွဲအက်ကြေ ဝင်သက်လေး ခိုးရှုဖူးယုံနဲ့
ခင်ဗျားကို ကျွန်တော်နားအလည်ဆုံးတဲ့ …
ကျွန်တော်ဟာလေ သိပ်ရယ်ရတယ် …
ခန့်မှန်းနေကြ အခိုက်အတန့်တွေ
လှုပ်ရှားသက်ဝင် အားနည်းလာရင်
ခင်ဗျား စိတ်ညစ်နေတယ် မဟုတ်လားတဲ့ …
ကျွန်တော်ဟာလေ ….
စိတ်မရှိပါနဲ့ … ကျွန်တော်ရယ်မိသွားတယ် …
မနက်ဖြန်တွေ ထပျံသွားတဲ့အထိ ကျွန်တော်ရယ်မိသွားတယ် …
မျိုချမကျနိုင်တဲ့ တိုးတိတ်မှုဆိုတာ
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ မွတ်သိပ်မှု မဟုတ်လား …
ခင်ဗျားကို ……..
ကျွန်တော်လေ ….
……………………
……………………
ဟို………………..
ခင်ဗျားကို ……….
ကျွန်တော်လေ ….
……………………
……………………
ခင်ဗျားမယုံတဲ့
(ယုံကြည်ဖို့ခက်တဲ့)
တဝဲတလည် ဆွေးရိပ်လေးကို
ကျွန်တော် ခပ်ကျယ်ကျယ်မဖွင့်ရဲ …
ကျွန်တော်ဟာလေ … သိပ်ရယ်ရတယ်
“လူနှစ်ယောက် အတူရှိမနေခဲ့ခြင်းမှာ
ခွဲခွာခြင်းဆိုတာ
ခေါင်းစဉ်ပေးမှားခဲ့တဲ့ ကဗျာ”
(ကျွန်တော် ခင်ဗျားရဲ့ ဘေးမှာ – ကျွန်တော် ကျွန်တော်ရဲ့ ဘေးမှာ = လူနှစ်ယောက်အတူရှိမနေခဲ့ခြင်း ≠ ခွဲခွာခြင်း)
အဲဒါ
ခင်ဗျား အလုအယက် ဖြုတ်ခဲ့တဲ့မောင်း …
ကျွန်တော် ခပ်တည်တည် ခံခဲ့တဲ့ကျည်ဆံ …
အနှေးပြကွက်မှာ
ခင်ဗျား မျက်လုံးမှိတ်ခဲ့လား …
ကျွန်တော် မျက်တောင်ခတ်ခဲ့လား …
ကျွန်တော်က ယမ်းနံ့ကို ရနံ့လို့ခံယူထားခဲ့သူ …
ခင်ဗျားက ပစ်မှတ်ကို လျှို့ဝှက်ချက်လို့ကြေငြာထားခဲ့သူ …
တစ်စက် …
နှစ်စက် …
သုံးစက် …
ငြင်းပယ်မှုတွေ စက်လက် …
“စုဘူးဟာ
ခွဲသံတွေနဲ့ ယဉ်ပါးနှင့်ပြီးသား”
ခင်ဗျား အဲ့ဒီလိုများ ယူဆထားခဲ့လား …
ခင်ဗျား ယူဆပါ …
သွေးအေးတယ်ဆိုတာ
အလွှာလိုက်လွင့်စဉ်နေတဲ့
တစ်ကိုယ်ရည် နူးညံမှုဘက်
ဦးလှည့်ထားတဲ့
မိန်းမတစ်ယောက်ရဲ့
အခြေခံ ဝမ်းစာလို့
ခင်ဗျားယူဆလိုက ယူဆပါ …
ခင်ဗျား လက်ဖျံထဲ
နှစ်ခါပြန် ငေးမောစရာတွေရှိသရွေ့
ခင်ဗျားဟာ
နှင်းအစား မြူတွေအစားထိုးထားတဲ့
အမည်ခံဆောင်းပဲ …
ကျွန်တော်ဟာလေ သိပ်ရယ်ရတယ် ..
ပထမ ချစ်ခြင်းမေတ္တာကို ယုံတယ်
ဒုတိယ ရီလေတီဗတီကို ယုံတယ်
တတိယနဲ့ စတုတ္ထ
မာလိန်မှူး ရင်ဘတ်ထဲက
သဘောင်္ပျက်တွေရဲ့ဘဝကို ယုံတယ် ..
နီးလာလာ ဝေးသွားသွား
ယောကျာ်းတစ်ယောက်အတွက်
“အရာရာလက်တစ်ကမ်း”ဆိုတဲ့ ယုံမှားဆန္ဒဟာ
အရင်းနှီးဆုံး ယုံကြည်မှုပဲလို့
ခင်ဗျားကို ကျွန်တော်ဘယ်လို ပြောမလဲ …
ကျွန်တော်ဟာ ယုံလွယ်သူမဟုတ်
ယုံနိုင်သူသာဖြစ်တယ် …
ကျွန်တော်ဟာလေ သိပ်ရယ်ရတယ် …
ယေဘုယျ ပန်းလေးပွင့်တာ …
မတော်တဆ ခဲလေးပြုတ်ကျတာ …
အသက်ရှုစ ကားလေးရပ်သွားတာ …
အဖြစ်အပျက်တိုင်းဟာ
ဗို့အား ပြတ်လပ်နေတဲ့
ဆင်ခြင်တုံတရားမှာ
ကြာရှည်ခံနိုင်ပါ့မလား …
ခေါင်းမော့ကြည့်ပါဦး …
ခင်ဗျားနဲ့ ပတ်သက်တဲ့
အရာရာတိုင်းအတွက်
ကျွန်တော့်သွေးထဲ
ကမန်းကတန်း ကူးထည့်ခဲ့ရတဲ့
ရင့်ကျက်ယောင်ဆောင်မှုတွေကို
ငြီးငွေ့နေတဲ့ ရောင့်ရဲမှုမျိုးနဲ့ဖြစ်ဖြစ်
ခဏလောက်
ခေါင်းမော့ပြီးတော့ ကြည့်ပါဦး …
အရေးပေါ်ခလုပ်လေး ဆွဲချလိုက်ရုံနဲ့
ကြုံလှီဖျော့တော့တဲ့ တိုက်ဆိုင်မှုအပေါ်
အမှတ်တရရှိနေမှုဟာ
အလိုလို ကျွံကျသွားလိမ့်မယ်လို့
ခင်ဗျား ထင်တယ် …
“ရွေးချယ်ခြင်းဆိုတာထက် ရှင်က ဆုံးဖြတ်ချက်” ဆိုတဲ့
ခင်ဗျားရဲ့အသားတကျ အသုံးအနှုန်းမှာ
ကျွန်တော့်ရဲ့ ဆိတ်ဆိတ်ငုံယုံကြည်မှု
ထင်ထင်ကျန်ကျန် ယစ်မူးခဲ့တာ
ခင်ဗျားမသိဘူး …
တကယ် ခင်ဗျားမသိဘူး ..
တိုမ်း(စ်)စကွဲ …
စင်ထရယ်ပါ့ခ် …
ဗင်းနစ်(စ်) …
နိုထရီဒိမ်း …
ခံစားမှုအာရုံအားလုံး
“စတုတ္ထ ကမ္ဘာစစ်မဖြစ်ခင် ခင်ဗျားနဲ့အတူ တစ်နေ့” လို့
မိမိရရဆုပ်ကိုင်ထားခဲ့တဲ့ နှင်အားအထပ်အထပ်ထဲ
လုံလုံခြုံခြုံ ဂျက်ချခဲ့ဖူးတယ် ….
အခု
လျော့ရိလျော့ရဲ
ဆက်နွယ်မှုကြား
လှလှပပ စစ်ကြေငြာခံရပေါ့
ခင်ဗျာပိရိလွန်းပါတယ် …
တဖျတ်ဖျတ်ခတ်နေတဲ့ တွေဝေမှုတွေကို
တစ်မနက်ထဲနဲ့ ရပ်စဲခဲ့ရသူပါ …
မျက်နှာချင်းဆိုင် ငြင်းခုံပျော်ဝင်မှုကို
စိတ်ကူးနဲ့ပင် ငေးကြည့်ခဲ့ရသည်အထိ
ကျွန်တော်ဟာ
ခင်ဗျားဘာသာဗေဒတွေနဲ့ နေရာယူမှားခဲ့သူပါ …
ခင်ဗျားရယ်ပါ …
ကျွန်တော်ရယ်နေသလိုမျိုး ခင်ဗျားလိုက်ရယ်ပါ …
မှုန်ဝါးဝါး အသက်ရှုသံဆီ
နှစ်ခါပြန်ခုန်ဆင်းချိန်မှာ
တစ်စုံတစ်ယောက်အတွက်
မျက်ရည်စို့တာ
ဒါ ရယ်စရာအကောင်းဆုံးပဲ မဟုတ်လား ။ ။
သက်ထွေး
၈ရက် အောက်တိုဘာ ၂၀၁၂ ည ၁၀း၃၂
————————————–
Your Language, the Signs I can’t read
Sometime, so funny, right?
Inhaling sneakily the crushing breath of yours once,
And “I claimed myself I am the one who understand you the deepest!”
Yeah, I am so funny.
When estimated moments become barely alive,
Asking, “Are you upset?”
I am so …
Sorry, I couldn’t help but laughed.
I’ve been laughing, till
“Tomorrows” fly away.
The silence, swallowed hard and didn’t go down though,
Isn’t it the same with the hunger gripped firmly?
I…
You…
……….
………..
Ah…..
I…
You…
………
………
What you didn’t believe
(That what is hard to believe),
I dared not to reveal loudly,
Yeah, I am…so funny.
“When two people were not together
‘Parting’ is a poem with a title mistakenly given.”
(I am besides of you – I am besides of me = two people were not together ≠ parting)
That…That…
That is the trigger you pull off in a rush,
The bullet I took in calmly.
In that slow motion scene,
Did you close your eyes?
Did my eyelashes strike?
I am someone who thought the gun powder as a fragrance.
And you are someone who claimed your target is a secret.
A drop…
Two drops…
Three drops…
Rejections flow down.
“A safe box has been familiar with the breaking noise!”
Do you really think it that way?
You may think
That “Cold bloodedness” is something being flung off with layers;
Something that directs toward self-gentleness;
Which is the basic routine for a woman.
If you want to think that way, you may just do, then.
If there were things still to be double checked in your forearm
You are…
So called winter with the mist instead of the snow.
Yeah, I am… so funny.
First, I believe “love.”
Second, Relativity.
Third, and forth…
The lives of shipwrecks, in the heart of a captain.
Getting closer or far-er
For a man,
How could I tell you that
“Believing everything within my hand’s reach, so called, a delusional will” is the familiar-est faith.
I am not the one who is easy believing,
I am the one who is able believing.
Yeah, I am so funny.
Flower blossoms as the nature goes,
A stone fell in an accident,
A car that cease being alive soon after started breathing,
Everything, every event,
Which is in the consciousness of voltages shortage,
Will they last longer?
Please, head up, and look at
My pretended mature-ness , that I had made transfusion into my blood in a hurry,
For everything relating to you.
Please, head up, and look at,
Just for a moment,
May be just with the boring contentment.
You thought
My memory on the scrawny coincidence will be flushed down automatically
Only by pulling off the emergency lever.
You don’t know.
You don’t really know that
I believed without any complaint,
And I was intoxicated strongly,
On the term you used naturally, “You are not an option, a decision!”
Time square…
Central Park…
Venice…
Notre dame…
All those sensations…
I have locked them down safely
In my hands, gripped firmly, with multiple driven forces,
Saying, “Someday before the World War IV, you and I … ”
Now…
Loosely…
In a loose relationship…
The war is declared gracefully.
Yeah, you are so precise.
Yeah, all wavering indecisiveness were ceased down within a morning.
I, even, gaze, with my imagination,
Upon our face to face joyful arguments,
That is how much I misunderstood with your language,
I took it so mistakenly.
Yeah, you should laugh…
Laugh as how I am laughing now …
Tears welling up for someone’s eyes
When jumping down to the blurring breathing for the second time,
Isn’t it the most hilarious?
Thet Twe
October 8 2012 10:32pm
– Translated by ဖိုးဂျိမ်း (လူပဲကွာ)
Comment #4
ခင်ဗျား မျက်လုံးမှိတ်ခဲ့လား …
ကျွန်တော် မျက်တောင်ခတ်ခဲ့လား …
ကျွန်တော်က ယမ်းနံ့ကို ရနံ့လို့ခံယူထားခဲ့သူ …
ခင်ဗျားက ပစ်မှတ်ကို လျှို့ဝှက်ချက်လို့ကြေငြာထားခဲ့သူ …
“စုဘူးဟာ
ခွဲသံတွေနဲ့ ယဉ်ပါးနှင့်ပြီးသား”
ခင်ဗျား အဲ့ဒီလိုများ ယူဆထားခဲ့လား …
တစ်စုံတစ်ယောက်အတွက်
မျက်ရည်စို့တာ
ဒါ ရယ်စရာအကောင်းဆုံးပဲ မဟုတ်လား ။ ။
ကဗျာတစ်ပုဒ်လုံးပြီးသွားတော့ အသံတွေပဲ့တင်ထပ်ပြီးကျန်နေခဲ့တယ်..
စကားလုံးတစ်လုံးချင်းစီကအရသာတွေခုန်ထွက်နေတယ်… အရမ်းကြိုက်တယ်… bro
Comment #5
ကိုသက်ထွေးရေ ဒီကဗျာကို ကျွန်မအခေါက်ခေါက်အခါခါဖတ်ပြီးသွားပါပြီ။
မညာပါဘူး ဖတ်ပြီးတိုင်းကျွန်မတော်တော်ဝမ်းနည်းသွားတယ်။
ငိုချင်သလိုလိုကြီးဖြစ်ဖြစ်လာတယ်။ ခေါင်းမော့ပြီးတော့ ကြည့်ပါဦး ဆိုတဲ့နေရာကတော်တော်လေးကို အသက်ဝင်ပါတယ် 🙁
Comment #7
ရွေးချယ်ခြင်းဆိုတာထက် ရှင်က ဆုံးဖြတ်ချက်” ဆိုတဲ့
ခင်ဗျားရဲ့အသားတကျ အသုံးအနှုန်းမှာ
ကျွန်တော့်ရဲ့ ဆိတ်ဆိတ်ငုံယုံကြည်မှု
ထင်ထင်ကျန်ကျန် ယစ်မူးခဲ့တာ
ခင်ဗျားမသိဘူး …
တကယ် ခင်ဗျားမသိဘူး ..ခင်ဗျာပိရိလွန်းပါတယ် …
တဖျတ်ဖျတ်ခတ်နေတဲ့ တွေဝေမှုတွေကို
တစ်မနက်ထဲနဲ့ ရပ်စဲခဲ့ရသူပါ …
မျက်နှာချင်းဆိုင် ငြင်းခုံပျော်ဝင်မှုကို
စိတ်ကူးနဲ့ပင် ငေးကြည့်ခဲ့ရသည်အထိ
ကျွန်တော်ဟာ
ခင်ဗျားဘာသာဗေဒတွေနဲ့ နေရာယူမှားခဲ့သူပါ …
ခင်ဗျားရယ်ပါ …
ကျွန်တော်ရယ်နေသလိုမျိုး ခင်ဗျားလိုက်ရယ်ပါ ……………..အ၇မ်းကောင်းတယ်ဗျာ
Comment #9
!_!
!_!
!_!
Comment #10
ကျွန်တော်က ယမ်းနံ့ကို ရနံ့လို့ ခံယူထားခဲ့သူ …
ခင်ဗျားက ပစ်မှတ်ကို လျှို့ဝှက်ချက်လို့ ကြေငြာထားခဲ့သူ …
Comment #1
အရမ်းကောင်းပါတယ် .. (ဒါပဲပြောတက်တယ်) 😛
အောက်ဆုံးအပိုဒ်နားလေးမှာ ကဗျာဆရာကရယ်ခိုင်းပေမယ့်
မရယ်ချင်ပါဘူး . . 🙁