လူ အရှင် / စိတ်အသေ
နွေကုန်သွားတာကြာ / ရင်ထဲက မီး တောက်နေဆဲ
မကြာခင်ဆိုတဲ့ ဆောင်းညတွေကို တွေးပြီးကြောက်
အဲဒီနေရာမှာလည်း
အထီးကျန်မှုတွေပဲရှိတယ်
သူ့အလုပ်က ထားခဲ့ဖို့  / ကျွန်တော့်ကြမ္မာက လွမ်းနေဖို့ 
မတရားဘူးဗျာပြောရအောင်
ဒီနေရာမှာ ပေါင်ချိန်လည်း မပါဘူးလေ
ရယ်စရာတွေပါ ..ရယ်ကြပါ
အဲဒီအရယ်တွေရဲ့ တ၀က်ဟာလှောင်ပြောင်မှုတွေအဖြစ်နဲ့
နှလုံးသားကို မွှန်းတယ်
ခံရတာ မသက်သာခဲ့ဘူး
နောင်တ / နောင်မှတ / သတိတရ
မဟုတ်ဘူး မဟုတ်ပါဘူး
အရင်ကတည်းက တ နေခဲ့တဲ့ ရင်တ ကြီးပါ
သူပဲရှိတဲ့ရင်ဘတ်ကို
အခြေပျက်သွားလောက်အောင်လည်းရက်စက်ခဲ့
ဆင်ကျီစားရာ ဆိတ်မခံသာခဲ့ဘူး
ကျွန်တော်ဟာ 21ရာစုရဲ့ ကိုပေါတယောက်ပါ ဆရာ
သူ-ရယ် / ကျွန်တော်-……
ပြို လဲ နေတဲ့ တံခွန် ကို
ကျွန်တော့်နေရာမှာ ချိတ်ထားလိုက်ပါ ဆရာ
လက်ခံနိုင်စွမ်းမရှိတဲ့ လက်ခံခြင်းမျိုးတွေနဲ့
လက် ခံ လိုက် ပါတယ်
သူ / သူမ / ကျွန်တော်
ကြားခံနယ်ထဲမှာ မဖြေသာခဲ့လို့ 
တချိန်တုန်းက
တယောက်ထဲဆိုတဲ့ ဘ၀ကို ပြန်ပေးပါ
ဒီတခါ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်ဆွေးတယ်
အရင်တခါတုန်းက ဓာတ်ပုံလေးမှာ
ကျွန်တော့ အပြုံးတွေ တည်ရှိခဲ့တဲ့ ဘ၀လေးကိုပေါ့
အထီးကျန်ဆောင်းည/နာနေတဲ့နှလုံးသား/
21ရာစုရဲ့ ကိုပေါ /ပြိုလဲနေတဲ့ တံခွန်/
ကြားခံနယ်တခုရဲ စိတ်ဒဏ်ရာ/ဓာတ်ပုံလေးထဲက ဘဝ
………………………………………………………….
ဒီနေရာမှာ ပုဒ်မ ချခဲ့တယ်
ကျွန်တော်..တကယ် မရှိခဲ့သင့်ဘူး။
Comment #2
title attracts me alot
coz i feel like that in these days

Comment #4
He..he
Ei le a khu photos tway kyi nay Dar.
🙂

Comment #1
ဟုတ် ကောင်းတယ်ကြိက်တယ် ရေးထားတာလေးကို