Professional Authors

ဘာအကြောင်းပြချက်မှ မရှိဘဲ ငိုင်ငိုင်နေတာ မကောင်းဘူး။လူ့ဘ၀ဆိုတာတွေ၊လောကဆိုတာတွေ ကြီးကြီးကျယ်ကျယ် လျှောက်မတွေးနဲ့။မင်းမှာသာ ငွေရှိရင် မင်းချစ်သူရဲ့မျက်စိထဲမှာ မင်းဟာ သူရဲကောင်းပဲ။အောင်နိုင်သူပဲ။လောကသခင်ပဲ။အမေ့ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး ငိုချင်ရအောင် မင်းက လင်းခက်ထွေးမဟုတ်ဘူး။အခု မင်း ဘယ်လိုလဲ။ကိုယ့်ကိုယ်ကို ဘယ်လို ကြံစည်နေတယ်ဆိုတာ ဘယ်အချိန်မှ သိမလဲအမြင်မှန်မှန်။

စိတ်ကျရောဂါ၏အခြေခံလက္ခဏာများမှာ . . .
(၁) လူအများနဲ့ရောရောနှောနှော မနေချင်ဘဲ တစ်ယောက်တည်း နေထိုင်လိုခြင်း
(၂) အိပ်မပျော်စားမ၀င်ဖြစ်ခြင်း
(၃) လိင်စိတ်နိုးကြားမှုနည်းပါးခြင်း
(၄) ကိုယ့်ကိုယ်ကို သတ်သေရန် အကြိမ်ကြိမ်စဉ်းစားနေခြင်း
(၅) ဘာကိုမှ အယုံအကြည်မရှိခြင်း

မမ ညာတယ်။ဘာမဟုတ်တဲ့ကိစ္စလေးမှာတောင် စိတ်က ထိန်းလို့မရဘူးဖြစ်နေရင်
ဘာဟုတ်တဲ့ကိစ္စကြီးတွေကို ဘယ်လိုကိုင်တွယ်/ဖြေရှင်းမလဲ။အခြေအနေက တွေးနိုင်တာထက်
ပိုရှုပ်ထွေးလာတယ်။မိုးလင်းက မိုးချုပ် ဘယ်တော့မှ ခန္ဓာကိုယ်ထဲ စိတ်မရောက်ဘူး။

Why Flarf is better than conceptualism,I google myself.
My love is like a red,red rose.
I like the poem ” THE BAIT”,written by John Donne.

အရောင်းအ၀ယ်ပါးရတဲ့အထဲ မအူမလည်တောသားနဲ့မှ လာတိုးနေသေးတယ်။
တတ်နိုင်သလောက်မြန်မြန်။ရှင့်အလှည့်ပြီးလို့ နောက်တစ်ယောက် မရောက်ခင်
ကျွန်မကလေးတွေအတွက် ထမင်းသွားဝယ်ကျွေးရဦးမယ်။
အားးးးးးးးးးးးးးးးးးးးးနာလိုက်တာလူ့ဘ၀ကြီးရယ်။ခါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။
ဒီလောက်ရက်စက်တဲ့အကြမ်းဖက်မှုတွေ ငါတို့မှာ ဘယ်နှကြိမ်ဘယ်နှခါ ခံခဲ့ရပြီးပြီလဲ။

အနာဖေးတက်နေတဲ့ကျုပ်ရဲ့အမာရွတ်ကို ဓားနဲ့ခြစ်ထုတ်ယူနေတာ မြည်းမလို့လား။
မလုပ်လိုက်နဲ့ကိုယ့်လူ။သူ့ခေါင်းကို ရိုက်ခွဲလိုက်ရင် သူ့အနုပညာကို ငါတို့ ငတ်သွားလိမ့်မယ်။
အိမ်ဆာတယ်။အိမ်ရိပ်..အိမ်ရိပ်..အိမ်ရိပ်..ဘယ်ခွေးမသားတွေ အိမ်ရိတ်သွားတာလဲ။

ပျော်တာတွေမပျော်တာတွေ အပထား အားအားယားယားရှိနေစေချင်တာ။
ခဏလေးပါ. . .ခဏလေးပဲစောင့်ပါ။မကြာခင် မကြာစေရပါဘူးဗျာ။သေချာမှာထားသားပဲ။
ဒီနေ့ မလာနိုင်တော့ဘူး။မြန်မာစံတော်ချိန် ၀၇း၄၆း၁၃။ကျွန်တော် ပြန်လာခဲ့တယ်။
ဘာမှပါမလာဘူး။

မူးလိုက်တာ မိုက်ခနဲပဲ။ဆေးလိပ်လေးတစ်လိပ်တည်း သောက်ပြီး ဆိုင်ရှင်စော်ကို အကြာကြီးထိုင်ငမ်း
နေတာတော့ အစ်ကို လွန်တယ်။နံ့ကြောဆွဲခပဲ ပေးပါ။ထိုင်ခုံခ၊ရေနွေးကြမ်းခနဲ့စီးကရက်ဖိုး မယူတော့ပါဘူး။
ငါ့ကောင်ရ . . .ထမင်းတစ်လုတ်ရဲ့တန်ဖိုးက နည်းတာမဟုတ်ဘူး။ကိုယ်ကသာ ကျွေး . . .သူများကျွေးတာ
ဘယ်တော့မှ မစားမိစေနဲ့။အဲဒါ ကမ္ဘာကြေတောင် အစာမကြေမယ့်ကြွားလုံးတွေအတွက် မင်းလည်ချောင်းက
ဓားစာခံဖြစ်နေမှာ။

သွားတော့မယ်။ပြောချင်ရာ ပြောချင်သလို ပြောပြီး ဒီလိုပဲ ဖုတ်ဖက်ခါ ထသွားတော့မယ်။အရင်ကလည်း
ဒီလိုပါပဲ။ကဲ . . .ခင်ဗျား ဘယ်လို ကျန်ရစ်မလဲ။ဟေ့ ငါ လာခဲ့ပြီ။

                                                                                                   ကိုသျှား

In: ကဗျာ Posted By: Date: Oct 12, 2012
Comment #1

phat shu r pay twar par de

commentinfo By: ei lay at Oct 12, 2012
Comment #2

ပေးတာကျေးဇူးပါ ကိုသျှား

commentinfo By: rocker at Oct 13, 2012
Comment #3

လန်ထွက်နေတာပါပဲခင်ဗျာ 🙂

commentinfo By: devine at Oct 13, 2012
Comment #4

(၄) ကိုယ့်ကိုယ်ကို သတ်သေရန် အကြိမ်ကြိမ်စဉ်းစားနေခြင်း
(၅) ဘာကိုမှ အယုံအကြည်မရှိခြင်း

commentinfo By: အသဲကွဲမိုး at Oct 13, 2012
Comment #5

ငါ့ကောင်ရ . . .ထမင်းတစ်လုတ်ရဲ့တန်ဖိုးက နည်းတာမဟုတ်ဘူး။ကိုယ်ကသာ ကျွေး . . .သူများကျွေးတာ
ဘယ်တော့မှ မစားမိစေနဲ့။အဲဒါ ကမ္ဘာကြေတောင် အစာမကြေမယ့်ကြွားလုံးတွေအတွက် မင်းလည်ချောင်းက
ဓားစာခံဖြစ်နေမှာ

commentinfo By: May Kha at Oct 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment