သွေးဆာနေတဲ့ည – ညဌက်
အူနေတဲ့အသံတွေရဲ့အဆုံးမှာ ကြားခံနယ်ဒေသတခု ကို အလွန် ငါဟာ ငါ့ကို ပြန်ရှာတွေ့ခဲ့တယ်
အရူးတယောက်ရဲ့ မျက်ဝန်းတွေနဲ့ သွေးရူးသွေးတမ်း လျှောက်လှမ်းနေခဲ့ သေဆုံးချိန်တခုဟာ အရည်ပျော်ကျ
မလိုအပ်ပဲ ရှင်သန်နေဆဲ ညှို့မှိုင်းနေတဲ့  မျက်ရစ်တွေဟာ ညဌက်တကောင်ရဲ့ အပြုံးပန်းတခုဖြစ်တယ်
ပတ်ပတ်လည်ရပ်ဝန်းက ကျင် ခံထားရတဲ့ ကိုယ့်မျက်နှာကို အော့အန် ရွံရှာရင်း လက်ဖျံကြောတလျှောက်မှာ သွေးနက်တွေလည်ပတ် မကောင်းဆိုးဝါးတကောင်လို့ ကိုယ့်သိက္ခာကိုယ်တင်ပြီးအဆုံးသတ်ကို မှန်းဆလိုက်တယ်
တန်ရာတန်ကြေးဆိုတာနဲ့ အပျော်တွေ ပြန်ပြေးထွက်သွား သွေးသားခင်းတဲ့ ညအလင်းဟာ မနှစ်မြို့ဖွယ်အတိ
နှစ်ချို့နေတဲ့ ကစားသမားတွေနဲ့ ပြိုင်ပွဲဟာ နွားသတ်သမားလက် ရပ်နေရသလို အကျဉ်းတန်ဆန်လွန်းနေ
အော့အန်မိသမျှ အပြုံးတွေသာ ဝေကျ စားစရာရှိတာစားပါ သွားမပါလည်း ကျေညက်နိုင်ပါတယ်
ခဏခဏ ထပ် ၀ါး မနေပါနဲ့ ရွံတယ်
စုတ်တသပ်သပ်နဲ့ နာကျဉ်းနေတဲ့ ပါးစပ်ဟာ အလွန်ခါး ကြာကြာ သွား နေတဲ့ လမ်းမှာ အနာဂတ်ကပါမလာဘူး
ဒါပြီးရင် ဒါ
ဘယ်ဘ၀မျိုးလည်း ငိုညည်းခွင့်မရှိ အဆင့်သင့်လျှင်ခေါ်ပါ ရွာစား ကမယ့်ဇာတ်ဟာ ကနားမပါဘူး ကိုယ့်ကိုယ်ကိုယ် ပွဲတင် ဆက်သရတဲ့ အက တပင်တိုင်လို့ ပဲ ခေါ်ပါ
ကုတ်ခြစ်ထားတဲ့ ဒဏ်ရာက အပွေးတွေသာတက်လာတယ် သွေးကထွက်မလာဘူး လောက်ဝင်ထားတဲ့နေရာဟာ
သိပ်များလွန်းနေခဲ့ ရွေးချယ်ခွင့်ဆိုတာ ချက်ကြိုးနဲ့အတူုပြတ်ကျန်ခဲ့တယ် ဆိုးဆိုးရွားရွား
အခိုင်းအစေလို ကိုင်းကြွေကကောင်မို့ နမ်းရင်တောင် နှုတ်ခမ်းမပါဘူး ရက်ရက်စက်စက်
အာရုံအခင်းမှာ မနက်လင်းဖို့  ကျန်နေတဲ့ မိနစ် စစ်ဖြစ်သွားတာထက်ကြာနေသလို ကပိုကရိုနဲ့ ဘ၀ကိုတိုက်စား
ကောင်းကင်မှာ နေ ထင်း တဲ့အခါ နင်းခြေခံ နင်းပြားဘ၀မှ ခဏ ပြာကျ သေဆုံး ဖို့ အချိန် ပြန်ရောက်ခဲ့တယ်
စက္ကန့်တိုင်းဟာ အလွဲလွဲ အမှားမှား
Comment #5
ကျေးဇူးတင်တယ်ဗျို့ 

Comment #7
13th မောင်လေး ကိုလည်း ကျေးဇူးအများကြီးအများကြီးတင်တယ်နော် …. 😀

Comment #8
နှစ်သက်လွန်းလို့ နောက်တစ်ခေါက်ပြန်ရောက်ခဲ့ပါတယ် ဗျာ…

Comment #1
ရက်စက်ပါပေ့မမမိုးရယ်
ဒီဆိုဒ်မှာ ငါ ကြိုက်တဲ့ကဗျာဆရာ/ဆရာမက သုံးလေးယောက်လောက်ပဲ ရှိတယ်
ငါက မန့်ရမှာလည်း တော်တော် ပျင်းတယ်ဟ
ဒီကဗျာမှာတော့ ငါ တစ်ခုခု ပြောခဲ့ချင်ပါတယ်
နင့်ကိုယ်ချင်းစာတရား၊နင့်နှလုံးသား၊နောက်ပြီး နင့်နာကျည်းချက်ကို ဖော်ပြဖို့
နင်ရွေးချယ်ခဲ့တဲ့စကားလုံးလေးတွေက နင့်သမိုင်းကို လှလှပပ ရေးနိုင်ခဲ့ပါတယ်ဒီကဗျာ။
ချစ်ခင်လျှက် . . .
ကိုသျှား