နှုတ်ခွန်းချိုချိုနဲ့ …မောင် ၊မငြိုငြင်အောင်….
ဟော်မုန်းတွေထုတ်လွှင့်နေသော
နီယွန်မီးရောင်အောက်မှာ
လိင်စိတ်ကိုဆွဲဆောင်နေသော
ဒီသံစဉ်တွေကြားမှာ
နှုတ်ခွန်းချိုချိုနဲ့ ….မောင်
မငြိုငြင်အောင်….ကျွန်မဘ၀လေးစတေးခဲ့ပါတယ်…။ ။
လူတွေပြောနေကြတဲ့ ….အရပ်ဆီ
မောင်နဲ့ ကျွန်မ…လက်ချင်းချိတ်လို့ ….လှမ်းခဲ့ဖူးတယ်လေ…။ ။
လူတွေပျော်နေကြတဲ့ …ကန်တော်ကြီးဆီ
အချိန်မတော်ကြီးအထိ…ထိုင်ခဲ့ဖူးတယ်လေ….။ ။
သူငယ်ချင်းတွေ…အားကျတဲ့စုတွဲအဖြစ်
ကျွန်မတို့ တွေဖန်တီးကျမယ်လေ…။ ။
မောင်ပြောခဲ့တယ်လေ…
နှုတ်ခွန်းချိုချိုနဲ့ မောင်
မငြိုငြင်အောင်…ကျွန်မဘ၀လေးစတေးခဲ့ပါ့မယ်…။ ။
ကျွန်မတို့ ရဲ့ အချစ်မီးအိမ်လေး…
အနောက်တောင်မုတ်သုံလေတိုက်ခတ်မလား…မငြိမ်းသတ်ဘူးဆို…
အရှေ့ တောင်မုတ်သုံလေတိုက်ခတ်မလား….မလှုပ်ခတ်ဘူးဆို…
အခုတော့…ကျွန်မအသက်ရှုလိုက်တာကပင်…
အပြစ်ဖြစ်သွားသလား…။ ။
ဖုန်တွေလူးနေတဲ့ မြေနီလမ်းလေးမှာ
အခုတော့…လေနီကြမ်းတွေတိုက်တော့မလား…။ ။
မောင့်အချစ်ကဆန်းတော့တစ်ချက်
ကျွန်မအချစ်ကရိုးတော့တစ်သက်ပေါ့….မောင်
ရိုးသားစွာပဲ…
ကျွန်မအသည်းလေးကိုခွဲခဲ့ပါကွယ်…
နှုတ်ခွန်းချိုချိုနဲ့ ..မောင်
မငြိုငြင်အောင်…ကျွန်မအသည်းခွဲခဲ့ ပါကွယ်….။ ။
ကျွန်တော်ဒီကဗျာလေးကိုရေးခဲ့တဲ့နေရာမှာတကယ့်အကြောင်းရာလေးတစ်ခုကိုအခြေခံပြီးရေးထားတာပါ…။
အဲ့လိုအသည်းခွဲခံရသောမိန်းကလေးတစ်ယောက်ဖက်ကနေစာနာမိလို့ ပါ…။ ။
အရေးအသားလေးတွေရိုင်းနေပါကခွင့်လွှတ်ပေးပါရန်တောင်းဆိုချင်ပါတယ်…။
ကျေးဇူးတင်လျက်ပါ…poemscorner ။
Comment #1
Lae lae sarr sarr hnit phat shu arr pay twar par de.
🙂
Thz so much for sharing ur knowledges.