ငါ့ ကဗျာမှာ(မင်းလူန)
ကိုယ်နားမလည်တဲ့ 
သိမှု့ ဗေဒနောက်မှာ
စူးစမ်းခြင်းဟာအရိပ်လိုကပ်ပြီးပါလာတယ်
(လူတို့ အပြုအမူ)
နာလိုခံခတ်ရပေါင်းများတဲ့ 
အရစ်ကျဝဋ်ကျွေးတွေဟာ
ဘယ်တော့ မှ
သက်ပုံမှန်မဲ့ သီအိုရီမပါဘူးထင်တယ်
…………..၁……………
စောကြောမှု့ ကင်းတဲ့ 
အရှိတရားတွေကိုဆုက်ကိုင်မိတိုင်း
ငါဟာ
လေဟာနယ်ထဲရောက်နေတဲ့ 
ငရဲသားလို
ကိုယ့် ကိုကိုယ်မတ်မတ်ပြန်ရပ်ဖို့ 
မနည်းကြိုးစားနေရတယ်။
တွန်းတွန်းတိုက်တိုက်မာန်နဲ့ ပဲ
ဘ၀ကို
အမြင်အတိုင်း
ဈေးဖြတ်ချလိုက်တယ်။
(ကဗျာဆရာ)
………………………
စိတ်ညစ်ရတဲ့ အထဲ
ကိုယ့် ကိုကိုယ်ဘာကောင်ပါလို့ ပြောပြီး
လက်ဆွဲနှုတ်ဖို့ 
ငါကဗျာဆရာဖြစ်လာရတာမှမဟုတ်တာ။
နာနာဖျားဖျားမနက်ဖြန်တွေအတွက်
ဆေးဖတ်ဝင်မလာဆိုပြီး
ဒိုင်ယာလော့ ခ်တွေ
ထုခွဲပုံသွင်ခဲ့ တာ။
ကမ္ဘာကိုကျန်းမာရေးကောင်တဲ့ လူကြီးလူကောင်းလို
ဟိတ်ဟန်တွေအပြည့် ရှိနေစေဖို့ 
တစ်ချို့ ယဉ်ကျေးမှု့ တွေကို
လွှတ်ချရမယ်
……………………၂……………..
စိတ်
အနက်ရှိုင်းဆုံးကဗျာကို
နှလုံးသားမှာပဲ
ရေးထွင်းခဲ့ တယ်။
မင်းလူန
Comment #1
ကျွန်တော် အားပေးဖတ်ရှု ခံစားသွားပါတယ်ခင်ဗျာ