မစ္ဆရိယ
ချစ်သူကို မုန်းခဲ့ရမှန်းသိတယ်။
မုန်းသူကို ချစ်ခဲ့ရမှန်းသိတယ်။
ပညာဆုံးအောင်မသင်ခဲ့ရမှန်း သိတယ်။
မေမေ့ကို ငိုစေခဲ့မှန်း သိတယ်။
Piano တီးတတ်မှန်း သိတယ်။
သိတယ် ၊ သိနေတယ် ။
ပန်းဆယ်မျိုးထဲက ပန်းတော်တော်များများ တတ်မှန်းသိတယ်။
ဒါပေမဲ့ …. အထဲက ထွက်လာရင် ကဗျာမရေးရဘူး ။
ဆရာဝန်မ ၊ ရေးလို့ ရတယ် ။
ဆိုက်ကားသမား ၊ ရေးလို့ ရတယ် ။
ရုပ်ရှင်မင်းသား ၊ ရေးလို့ ရတယ် ။
လွှတ်တော်အမတ် ၊ ရေးလို့ ရတယ် ။
ပရဟိတသမား ၊ ရေးလို့ ရတယ် ။
အင်ဂျင်နီယာ ဘွဲ့ရ ၊ ရေးလို့ ရတယ် ။
ရှေ့နေမ ၊ ရေးလို့ ရတယ် ။
ဇာတ်မင်းသား ၊ ရေးလို့ ရတယ် ။
ကာတွန်းဆရာ ၊ ရေးလို့ ရတယ် ။
ထာဝရခရီးသွား ၊ ရေးလို့ ရတယ် ။
ညဈေးတန်းမှာ အထည်ရောင်း ၊ ရေးလို့ ရတယ် ။
အရက်သမား ၊ ရေးလို့ ရတယ် ။
ဒါရိုက်တာ ၊ ရေးလို့ ရတယ် ။
အဆိုတော်မ ၊ ရေးလို့ ရတယ် ။
ရွှေ့ပြောင်းလုပ်သား ၊ ရေးလို့ ရတယ် ။
လူရွှင်တော် ၊ ရေးလို့ ရတယ် ။
ပရိုဂရမ်မာ ၊ ရေးလို့ ရတယ် ။
ပြည့်တန်ဆာခေါင်း ၊ ရေးလို့ ရတယ် ။
ဂစ်တာသမား ၊ ရေးလို့ ရတယ် ။
ဘုန်းကြီးကျောင်းသား ၊ ရေးလို့ ရတယ် ။
နိုင်ငံခြားသား ၊ ရေးလို့ ရတယ် ။
နို့ပေမင့် …. ဟဲ ဟဲ အထဲက ထွက်လာရင် ကဗျာမရေးရဘူး။
အချင်းချင်းတော့
ဖြုတ်မယ် ၊ ကင်မယ် ၊ ပါးပါးလှီးမယ် ၊ နှစ်ပြန်ကြော်မယ် ၊ ချင်း(ဂျင်း)ထည့်မယ် ၊
သုပ်မယ် ၊ နံနံပင်အုပ်မယ် ၊ အချဉ်ရည်ဆမ်းမယ် ၊ အသည်းပုံပန်းကန်နဲ့ ထည့်ပေးမယ် ။
ဒါပေမဲ့ …. စိတ်ချ ။
အထဲက ထွက်လာရင် ကဗျာမရေးရဘူး။
ယာဉ်စည်းကမ်းထိန်းသိမ်းရေးက ဝေတဲ့
လက်ကမ်းစာစောင်ထဲက စာသားနဲ့ ခပ်ဆင်ဆင် ….
ဘာတဲ့ ………. ထွက်လျှင် မရေးရ ၊ ရေးလျှင် မထွက်ရ ။
ဒီမှာ တစ်ပုဒ် ၊ ကဲ.. ဟိုမှာတစ်ပုဒ် ၊
ကဲ … အဝေးက စော် ဖို့ တစ်ပုဒ် ၊ကဲ … အတွေးက ပေါ် လို့ တစ်ပုဒ် ၊
အင့်…ခေါင်းကိုက်တာ တစ်ပုဒ် ၊ အင့် .. မြောင်းနှိုက်တာ တစ်ပုဒ် ၊
ကိုင်း … ယောင်ယမ်းတာ တစ်ပုဒ် ၊ ကိုင်း … ထောင်ပန်းတာ တစ်ပုဒ် ၊
ရော့ ..အမြှီးမြှောက်တာ တစ်ပုဒ် ၊ ရော့ … အီးပေါက်တာ တစ်ပုဒ် ၊
အထဲကို ထည့်ပေးလိုက်သူတွေတောင်အဲ့လိုရေးနေတဲ့ ခေတ်မှာ
အထဲက ထွက်လာရင် ကဗျာမရေးရဘူး ။
နာကျည်းခံပြင်းခြင်းအနုပညာ ဆိုတာ
ခြင်ထောင်ထဲမှာလည်း တွေးယူလို့ရတယ်လို့
ထင်နေသူတွေက
ဓမ္မသီချင်းတစ်ပုဒ်ကို သြော်ခက်စတြာကြီးနဲ့
ဆိုသလို ပျော်ရွှင်ညီညာ ဆိုနေတုန်းပဲ ။
အ .. ထဲ .. ထွက် .. လာ .. ရင် .. ကဗျာ မရေးရဘူး ။
—————————————– ဟိန်း( 19.8.12 ) —
( သြော်ခက်စတြာ = Orchester = သံစုံတီးဝိုင်း )
ခရမ်းရိပ်မဂ္ဂဇင်း ၊ စက်တင်ဘာ ၊ 2012
Comment #1
Wow.
really amazing.
nice