အရင်တိုင်းပါပဲ………..
နှစ်နှစ်ချိုက်ချိုက်
စွဲလမ်းမိတဲ့
အပြုံးလေး
ခုချိန်ပြန်တွေ့တော့
အရင်လိုပဲ
ရင်ခုန်မိတယ်။
တမ်းတမိတဲ့
စကားသံချိုလေး
ခုပြန်ကြားတော့
အရင်လိုပဲ
ရင်ခုန်မိတယ်။
မှတ်မိခဲ့တဲ့
အကြည့်စူးလေး
ခုချိန်ပြန်ရတော့
တစ်ကယ်ပါ
အတိုင်းမသိ
ဝမ်းသာမိတယ်။
အရာရာ အရင်တိုင်းပါပဲ
အရင်လိုပဲ အရင်တိုင်းပဲ
တိုးလို့ ကြင်နာလျှက်ပေါ့…………..။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
🙂
🙂
🙂