*ခုနှစ်ထွေအက*
ကျွန်တော်ဟာ သူမရှေ့မှောက်မှာ…………
အာဏာတွေ ပြင်းပြလွန်းတဲ့ ဟစ်တလာ လည်းဖြစ်ချင်ဖြစ်မယ်…
ရယ်(ရီ)စရာ ကောင်းလွန်းတဲ့ ချာလီချက်ပလင် လည်းဖြစ်ချင်ဖြစ်မယ်…
လုပ်ချင်ရာလုပ်ပြီး အရှောင်အတိမ်းကောင်းလွန်းတဲ့ ဂျက်ဆီဂျိမ်း လည်းဖြစ်ချင်ဖြစ်မယ်…
အရမ်းချစ်တတ်လွန်းတဲ့ ရိုမီယို လည်းဖြစ်ချင်ဖြစ်မယ်…
ပုံပြောကောင်းလွန်းတဲ့ အစေခံ အီစွတ် လည်းဖြစ်ချင်ဖြစ်မယ်…
အချစ်မှာကျဆုံးသွားတဲ့ သူရဲကောင်းကြီး ဂျူးလိယက်ဆီဇာ လည်းဖြစ်ချင်ဖြစ်မယ်…
နယ်ချဲ့တတ်လွန်းတဲ့ နပိုလီယံ လည်းဖြစ်ချင်ဖြစ်မယ်…
ထုံထိုင်းလွန်းတဲ့ မြည်းတစ်ကောင် လည်းဖြစ်ချင်ဖြစ်မယ်…
ဟောဒီ ခုနှစ်ထွေအကမှာ………
ကကြိုးတွေ ဘယ်လိုပင်ပြောင်းသော်လည်း မပြောင်လဲတဲ့ သံစဉ်က
အချစ် ဆိုတာ
သူမ…သိ…သိပါလေစ………………..။
Comment #2
ကျေးဇူတင်ပါတယ်နော်…
တော်တော့မတော်ပါဘူးဗျာ
ကဗျာချစ်သူတစ်ယောက်အဆင့်မှာပဲရှိပါတယ်..

Comment #5
2013 feeling is much better.
🙂

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Wow.
Mike de.
Mike de.
A yann taw tar be naw.