ကစားပွဲ
အလျော်အစားများတဲ့ လောကကြီးမှာ သူငယ်ချင်း မင်းလက်မတွန့်စမ်းပါနဲ့
ရဲရဲကြီးသာကြေးထပ်လိုက်စမ်းပါ
ဆုံးရှံးခြင်းအတွက်တော့ ဘုရားကပေးတဲ့ မျက်ရည်ရှိတရ်……
အောင်မြင်မှုက မသေချာပေမရ့် မရေရာတဲ့ကစားပွဲကြီးကို
မင်းလည်းစိတ်ဝင်စားသလို ငါလည်းကစားခဲ့ဘူးတရ် ။
မင်းသိမှာပါ….သူငယ်ချင်း
ငါရှံးနိမ့်ခဲ့ရဖူးတဲ့ပွဲ အဲ့ဒီပွဲကို အရင်းတည်
မင်းသင်ခန်းစာယူလိုက်စမ်းပါ။
အနိုင်/အရှံး ကအထိကမကျပေမရ့်
ယှဉ်ပြိုင်ခြင်းအတွက် တမြေ့မြေ့နဲ့ပြန်ပြောစရာ
ရလဒ်ကတော့ကောင်းမှဖြစ်မရ် သူငယ်ချင်း…
မင်းမှတ်မိသေးလား….သူငယ်ချင်း
ပြန်ပြောစရာအတိတ်ဟောင်း
ငါ့အတွက်တော့ ပျော်စရာကောင်းနေခဲ့တရ်။
နာကျင်ခြင်းမရှိ/ဒဏ်ရာမရှိ
ပျော်စရာအတိနဲ့ ငါ့တို့ထင်ရာတွေစိုင်းခဲ့ကြတရ်။
အသဲကွဲတရ်ဆိုတာ မင်းအတွက်၊ငါ့အတွက်
ရယ်စရာပျက်လုံးတစ်ခုအဖြစ် တသသနဲ့
ပြန်ပြောစရာတွေ ဖြစ်ခဲ့ကြတရ်။
မင်းမှတ်မိသေးလား…..သူငယ်ချင်း
ငါတို့နှစ်ယောက်အတူပျော်ရွှင်ခဲ့ဖူးတဲ့ အချိန်များပြန်စဉ်းစားတိုင်း
ပြန်တွေးမိတိုင်း ငါတစ်ကိုယ်တည်းပြုံးနေတတ်တရ်။
သံသရာစက်ဝိုင်းကြီးက သုံးပတ်ပြည့်သွားတဲ့အခါ
မင်းလျှောက်တဲ့လမ်းနဲ့ ငါလျှောက်တဲ့လမ်းက
တစ်လမ်းဆီခြားသွားခဲ့တရ်။
ငါတို့ပြန်တွေ့ကြတဲ့အခါ ပြောင်းလဲမှုတွေက
သိပ်မများပါဘူးကွာ….
အရင်လိုဖြူစင်ခဲ့တဲ့ငါ အရောင်တွေကိုမုန်းတီးတတ်နေပြီ။
စီးကရက်လေး လက်ကြားညပ်လို့
ဘ၀ကိုဟန်ပါပါ ပြုံးပြတတ်သွားပြီ။
အသဲကွဲလို့ လည်း ငါငိုတတ်နေပြီ။
သူငယ်ချင်း…..မင်းသိလား??
“မင်းတောင်ရင့်ကျက်နေပြီဘဲ” ဆိုတဲ့စကား
အဲ့ဒီစကားလေးတစ်ခွန်း အတွက်နဲ့
ငါရင်းနှီးခဲ့ရတဲ့ အလျော်အစား သိပ်ကိုကြီးမားလွန်းတရ်။
မင်းလည်းမော ငါလည်းမောလို့
ငါရေးနေတဲ့ အကြောင်းအရာကို ဒီနေရာမှာတင် ရပ်လိုက်တော့မရ် ……သူငယ်ချင်း
သံသရာစက်ဝိုင်းကြီး မရပ်သေးခင်တော့
ငါတို့ဆုံတွေ့ကြဦးမရ်ကွာ…
ပြောမကုန်တဲ့ အကြောင်းအရာ
မင်းလည်းပြော ငါလည်းပြော
ဘ၀အမောတွေ ခေတ္တမေ့ထားကြမရ်။
သဘောတူရင် ရှိတ် လိုက်ကွာ…. 🙂
မာန်ခက်ဝင့်
13/10/2012 ( 3:37 PM )