အလွမ်းတွေကြား ခရီးသွားရသူ
တိတ်ဆိတ်ခြင်း က သတ်မှတ်ပေးထားတဲ့
ကျွန်တော့်ရဲ့ ဆိတ်သုန်းမှုနဲ့အတူ…
အေးစက်စက်ရက်စက်မှုတွေကြား
ကျွန်တော်က မကြာခဏခရီးသွားရသူ…၊
လွမ်းတယ်……..
သတိရတယ်…….
အဲ့ဒီစကားလုံးတွေထက်လည်း
ပိုပြီးတမ်းတခဲ့သူ..။
အမှတ်ရနေဆဲပါ…
မင်းပြောတတ်လွန်းတဲ့ စကားလုံးတိုင်းသာ
အသက်ဝင်မယ်ဆို
နာကျင်စရာတွေအရည်ပျော်နိုင်ကောင်းပါရဲ့..၊
မြတ်နိုးတယ်…..
မြတ်နိုးမယ်……
မင်းရဲ့ လှည့်ကွက်တွေအထဲ မှာခရီးသွားရင်း
မြတ်နိုးခြင်းတွေထက် အဆပေါင်းများစွာမြတ်နိုးမယ်…။
ဇော်သက်ဦး
Comment #2
မြတ်နိုးမယ်……
မင်းရဲ့ လှည့်ကွက်တွေအထဲ မှာခရီးသွားရင်း
မြတ်နိုးခြင်းတွေထက် အဆပေါင်းများစွာမြတ်နိုးမယ်…
By: May Kha at Oct 31, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
so touching