ကြယ်စင်နတ်သမီး – ဒီရေလှိုင်း
အမုန်းပွားလောင်မြိုက်
အရှုံးများ အမှောင်တိုက် တိမ်ညိုစွန်းမှာ
ကွန်းခိုပုန်းစဉ် ကြယ်စင်တစ်စင်း
ထွန်းလင်းလဲ့ရွှန်းစို
တစ်ခါတုန်းက အေမီချို ——-
ဓနအခြေမလှ
ဘ၀ကဝေက
ညတွေမှာ တစ္ဆေခြောက်တဲ့အခါ
မကြောက်အောင်ကိုယ်ထင်ပြလို့ အင်အားပေး
နတ်သမီးလေး အေမီချို ——-
အေမီချို
သင့်မချိပြုံးတောင်
အကြည့်မဆုံးခင်
ပီတိနှလုံးရွှင်
ကမ္ဘာအပြင်ရောက်တာတောင်
ကိုယ်ကြောက်မယ် မထင်ခဲ့ ———-
အေမီချိုရေ
သင့်မျက်ဝန်းအကြည့်တစ်ချက်မှာ
ချင့်တွက်စရာ သတိတွေယိမ်းယိုင်
အသတွေမထိန်းနိုင် သိင်္ဂါရတွေ မြိုင်ဆိုင်လို့ပေါ့့—-
အေမီချိုရေ –
စကားသံ သဲ့သဲ့တစ်ခွန်းဟာ
လဲ့လဲ့ရွှန်း ရွှေရည်ပမာ
နေခြည်ဖြာတဲ့ဟန်
စကြာဝဠာလောက်ကိုတန်တယ်ထင်ခဲ့ ——
တစ်ခါတုန်းက ဟိုကာလ
ဘယ်ဘ၀ဆုံးတိုင်မမေ့နိုင်
ချစ်ပန်းတိုင် ရေယာဉ်ခရီးကို
တူတူစီးပြီး ပျော်ရွှင်
အကြင်နာအိပ်မက်တွေ ခူးဆွတ်
ရူးသွပ်မက ကြည်နူး
ခုထိ တိမ်းမူးမူးဖြစ်နေဆဲ ——-
အော်- ကံကြမ္မာ ဇာတ်ညွှန်းဆရာက
အမှန်သာ ထပ်လွမ်းစရာဖန်ခဲ့
ပျော်စရာတွေတစ်ခန်းရပ်
အလွမ်းဇာတ်ကိုကခိုင်း
လှိုင်းနဲ့အေမီချို
ရွှေပြည်ဗဟို ရန်ကုန်မြို့မှာ
ပြန်ဆုံဖို့ကိုတကယ်မလွယ်
ကံတွေကုန်လို့ ဝေးခဲ့ပြီပဲ ——-
အေမီချိုရေ –
ရွှေရည်လိုတောက်ပ ပျော်ခဲ့ရတဲ့ခဏ
ခုတော့ နေခြည်ညိုနောက်ကျ ဖော်မဲ့ဘ၀တွေကိုယ်စီနဲ့
ဖြေဆည်ဖို့ခက်ပြီပဲ —–
အေမီချိုရေ
လှိုင်းမှာ ရွှေပြညှ်ဗဟိုနဲ့ဝေး
နယ်မြို့လေးကို ပြေးထွက်ချိန်
စိနတိုင်းရဲ့
မဟာတံတိုင်းဘေးမှာ
ကဗျာကသိုဏ်းစာကို မမွေ့
တစ်ခါကလှိုင်းကို မေ့ပြီလား —–
အေမီချိုရေ
ကမ်းခြေမှာ
အပန်းဖြေ အလွမ်းတွေပြေစေဖို့
ဖူးခက်နဲ့ပတ္တရာ
ထပ်ခါခါလာပေမဲ့
မြန်မာပြည် ပြန်လာမည် သင်မတွေး
ဟိုး အဝေးမှာ ပျော်ရှာနေပြီလား –
အေမီချိုရေ —
ကံကြမ္မာအရ
ပြန်မလာမှန်းသိပေမဲ့
ဟိုတစ်ချိန်မှ အေမီချိုနေတဲ့နန်း
ဗဟန်းဝင်္ကပါလမ်းမှာ
အလွမ်းရင်မှာကျွမ်းစွာ
တမ်းအစဉ် မှန်းကာ
ရန်ကုန်မှာ ပြန်ဆုံဖို့အကြောင်း
မ၀ံ့မရဲဆုတောင်းဆဲပါ – အေမီချို ။ ။