Professional Authors

နောင် တ တွေ တပွေ့တပိုက်နဲ့ နေထိုင်မှု လှုဘဝ

ငါလေ….
လွင့်မြောနေတဲ့…
တချို့သော အပြာရောင်တိမ်တိုက်လေးတွေကို….
ခပ်ပြုံးပြုံးလေးကြည့်နေခဲ့ဖူးတယ်…..
ငါ ပျော်နေတဲ့ အချိန်လေးမှာပေါ့….

တခါတလေ….
တိမ်လေးတွေလွင့်မြောနေပေမဲ့…
ငါ့အပြုံးတွေ…
ကျောက်ဆစ်ရုပ်ဆို သေဆုံးနေခဲ့တယ်…
ငါ တွေဝေနေတဲ့ အချိန်လေးမှာပေါ့….

လွင့်မြောနေပေမဲ့…
ခံစားချက်ချင်းမတူနိုင်ခဲ့ဖူး….
တိမ်တိုက်လေးတွေက ပြာနေပေမဲ့…
ငါမမြင်နိုင်ခဲ့ဖူး….
ငါ ငိုကြွေးနေတဲ့ အချိန်လေးမှာပေါ့….

ငါ့ကို ပျော်ရွှင်စေခဲ့တယ်….
ငါ့ကို တည်ငြိမ်စေခဲ့တယ်…
ငါ့ကို ၀မ်းနည်းစေခဲ့တယ်….
နင် တစ်ယောက်ထဲ…
ငါ့ကို …..
ခံစားချက်မျိုးစုံပေးနိုင်တယ်…..

ငါ့အတွက်တော့…
အချစ်ဟာ နေ့…
အချစ်ဟာ ည…
အသက်ရှုသံတိုင်းဟာ..
အချစ် နဲ့ ပတ်သပ်နေခဲ့တယ်…
ကိုးကွယ်မှု ဆန်ဆန်ပေါ့…..

အလွမ်းသင့်နေတဲ့…
တစ်ချိန်က ပျော်ရွှင်စရာသောကြာနေ့တွေ…
အဆိပ်သင့်နေတဲ့…
တစ်ချိန် က စိမ်းလဲ့လဲ့ မြက်ခင်းပြင်တွေ…
ဘာလို့ ပြောင်းလဲသွားရတာလဲ….

အရာအားလုံးအရောင်ပြောင်းသွားချိန်…
ကာလာတွေ ပျက်သွားချိန်….
အနမ်းတွေ သေဆုံးသွားချိန်..
အရင်အချိန်တွေကို ပြန်တမ်းတချိန်…
ငါ့အတွက်..
အဆိုးရွားဆုံး နောင်တရချိန်….

နားလည်မှုတွေ လွဲခဲ့တယ်…
ယုံကြည်မှုတွေ ပျက်ခဲ့တယ်…
စာနာမှုတွေ ပျောက်ဆုံးခဲ့တယ်…
အဲ့အတွက်..
လမ်းခွဲခြင်း ကို တိုင်ခဲ့တယ်…

ဘ၀နဲ့ရင်းပြီး….
သစ္စာဆိုပါတယ်….
ငါ့ဘ၀ရဲ့..
နောင်တအရဆုံးအချိန်..
ဝမ်းအနည်းဆုံးအချိန်က…

             အေးစက်စက် နင့် လက် တစုံကို ဖြေလျှော့လိုက်ချိန်ပါပဲ……..
                            နင့်ကို အရမ်းလွမ်းတယ်… အေသင်ရယ်.
                                  

In: ကဗျာ Posted By: Date: Oct 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment