သြော် ဘ၀… ဘ၀…
ဘ၀ဆိုတာ
အပြောလွယ်သလောက်
နေရခက်တဲ့ ဘ၀ကြီးပါ
အမှားအမှန် ဒွန်တွဲ
အကောင်းအဆိုး ယှဉ်တွဲ
ချစ်ခြင်း မုန်းခြင်း မခိုင်မြဲ
မတည်မြဲတဲ့ လောက
ဖြစ်တည်ပျက် ကာလသုံးပါး
မမြဲခြင်းတရား လက်ကိုင်ထား
အတ္တထောင်လွှား
မာန်မာန ဖောက်ပြား
ကိုယ်ထင် ကုတင်ရွှေနန်း
မောဟဖုံးလွှမ်းနေတဲ့
ဒီလူ့ဘောင်လောကကြီးမှာ
အရာအားလုံးဟာ
တရားသဘောနဲ့ ဆင်ခြင်
အရာအားလုံးဟာ
အနစ္စတွေပါတကား….
Comment #2
ဘယ်လိုပြောင်းပေးရမလဲဟင်။ ဒါ ဘ၀တဲ့လားလို့ ခေါင်းစဉ်ပေးထားပါတယ်ရှင်။ ဘယ်လိုခေါင်းစဉ်နဲ့ကိုက်ညီမလဲ ဆိုတာ သိချင်ပါတယ်။

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာခေါင်းစဉ်လေးပြောင်းပေး၇င်ok
ကဗျာလေးကကောင်းလို့ပါ