မြစ်တစ်စင်းရဲ့ မာယာ
နေ့စဉ် အရောင်ခြယ်နေတဲ့
ဘဝကြီးထဲ ကျော်ကြားမှု ဂုဏ်သတင်းတွေ
အရိပ်တွေလို တကောက်ကောက်လိုက်နေပါရဲ့
အတွေးတွေလို တစိမ့်စိမ့် ယိုစီးနေပါရဲ့
အိပ်မက်တွေလို မျောလွင့်နေပါရဲ့
ခံစားချက်တွေလို တိုက်ခိုက်နေတဲ့
ဒီစကြာဝဠာထဲ မြစ်တစ်စင်းလို
ကောက်ကွေ့နေမြဲ စီးဆင်းနေမြဲပေါ့..။
တက္ကသိုလ်မြတ်မင်း
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ်………