နင့်အတွက်မဟုတ်တော့ဘူး
နင်မရှိတော့ပေမယ့်
ငါ နေပျော်တယ်
နင်ကျောခိုင်းသွားလို့များ
ငါယောင်ချာချာဖြစ်နေမယ်လို့
မမျှော်လင့်လိုက်ပါနဲ့
အချစ်စစ်ဆိုတာနဲ့မထိုက်တန်တဲ့
လိမ်ညာတတ်တဲ့နင်လိုလူအတွက်
ငါ့ ရင်ထဲမှာနေရာမရှိခဲ့ဘူး
နေရာ ဆိုတာက
ထိုက်တန်တဲ့ တစုံတယောက်အတွက်ပဲ
သီးသန့်ထားတဲ့အရာလေ
ဒီတော့
နင်နဲ့မထိုက်တန်လို့နင်ဖယ်ပေးလိုက်ရတဲ့နေရာမှာ
နင်မရှိတော့လို့
ထာဝရကွက်လပ်ဖြစ်နေပါစေ
နင်ပြန်လာမယ်ဆိုရင်လည်း
အဲဒါ နင့်အတွက်မဟုတ်တော့ဘူး…။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ekkkkk