အခန်းပျက်
အခန်းပျက်
လောဘမီး ဒေါသမီး
တောက်နေတဲ့လူတွေကြောင့်
အရှောင်အတိမ်းမဲ့ အလောင်ခံရတဲ့သတ္တ၀ါတစ်ကောင်
အချစ် အမုန်းတွေကို
တန်ဖိုးထားတယ်ဆိုတဲ့ လူတွေကြောင့်
အလဟသ မပြောလိုက်ရတဲ့သတ္တ၀ါတစ်ကောင်
လူပါ လူပါ လို့
အော်ဟစ်နေတဲ့ လူတွေကြောင့်
သနားစရာအဖော်မဲ့တဲ့ သတ္တ၀ါတစ်ကောင်
အားအားနေအပြစ်ရှာခြင်းတွေနဲ့
နာကျင်စေတဲ့လူတွေကြောင့်
တစ်နေ့ တစ်ခါ အသက်ကယ်ဆေးမှီဝဲရတဲ့ သတ္တ၀ါတစ်ကောင်
တိရစ္ဆာန်ဖြစ်တဲ့ ခွေးတစ်ကောင်လို
အူ အူနေတတ်တဲ့လူတွေကြောင့်
ဘာမှမခံစားနိုင်တော့တဲ့ နှလုံးသားမဲ့ သတ္တ၀ါတစ်ကောင်
သစ္စာ မေတ္တာ နတ္တိ နဲ့
ကိုယ့်ကိုကိုယ် လူယောင်ဆောင်ထားတဲ့ လူတွေကြောင့်
လူမဟုတ်တော့တဲ့ သတ္တ၀ါတစ်ကောင်…။
မြေနံ့
Comment #4
တွေးကြည့်လေမှန်လေပဲ။

Comment #5
အခန်းပျက်တွေများလွန်းနေတဲ့ ကောက်ကြောင်း

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လူပါ လူပါ လို့
အော်ဟစ်နေတဲ့ လူတွေကြောင့်
သနားစရာအဖော်မဲ့တဲ့ သတ္တ၀ါတစ်ကောင်