Professional Authors

ပြုပြင်ဆဲ နှလုံးသား

မင်းကိုစတွေ့ ကတည်းကချစ်ခဲ့ တာပါ ။
ဒီစကားကို မင်းနဲ့ တွေ့ တိုင်းပြောပြချင်နေတယ် ။ ။
ကဗျာသမား စာသမား
မဟုတ်ခဲ့ပေမယ့်
မင်းကြောင့် …
အချစ်အတွက် ဆရာတစ်ပါးလို
ကဗျာတွေ ငါရေးတတ်နေတယ် ။ ။
မင်းမျက်ကွယ်မှာ
ကြင်နာခြင်းအချို့ ကို ထင်ယောင်ထင်မှားဖြစ်အောင်
ပြခဲ့တာမဟုတ်ပါဘူး ။
ငါ့နှလုံးသားက ခိုင်းစေတယ့်အတိုင်း
ချစ်တယ်ဆိုတယ့် စကားတစ်ခွန်းကြောင့်
ငါတို့ နှစ်ယောက်ဝေးကွာမှာကို ခံနိုင်ရည်ရှိအောင်
နှလုံးသားက ပြုပြင်ဆဲ ပါ ကောင်မလေးရယ် ။ ။

In: ကဗျာ Posted By: Date: Jun 3, 2010
Comment #1

ကြိုက်တယ် အစ်ကိုရေ

အချစ်အတွက် ဆရာ တစ်ပါးလို
ကဗျာတွေ ငါရေးတတ်နေတယ်ဆိုတာ ပိုကြိုက်တယ် ….

commentinfo By: lllxhumorousxlll at Jun 3, 2010
Comment #2

သယ်ရင်းရေ….မင်းကဗျာ အရမ်းကြိုက်တယ်…။
ငါ့သယ်ရင်း တော်တော်တိုးတက်လာပီပဲ…။
အရမ်းကောင်းတယ်…ဆက်ကြိုးစားပီးနေထား….။

commentinfo By: မိုးစက်ဦး at Oct 14, 2010
Comment #3

ကဗျာလေကအရမ်းမိုက်တယ်အရမ်းလည်ကြိုက်ပါတယ်.. နောက်လည်များများရေနိုင်ပါစေ..

commentinfo By: songmoezin at Nov 12, 2010
Comment #4

nice poem.

commentinfo By: ei lay at Apr 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment