အမေ့ဓါတ်ပုံနှင့်စကားပြောခြင်း
လေးနှစ်သားကို စိတ်လက်မချ
ထားခဲ့ရတဲ့ အမေရေ
ပေပြင်တွေလို အထုအနှက်ခံပြီး
လောကကျောင်းကြီးမှာ…
တစ်ရက်မပျက် မှန်မှန်တက်ခဲ့တာ
သိမ်ငယ်မှု့တွေသာ ခေါင်းမြီးခြုံခွင့်ရခဲ့ပါတယ်…
အမေ့ဓါတ်ပုံကြည့်ရင်း အားတင်းခဲ့တဲ့ကာလ
နှစ်ပေါင်း(၂၀)မကတော့ဘူး…အမေ
ဘ၀မှာ ဘယ်တော့မှမရနိုင်တာ
လုံလောက်တဲ့ ရင့်ကျက်မှုတွေတဲ့လား
အမေရေ…ကျွန်တော်အခုထိ
အားငယ်မိနေတုန်း။
တစ်ဖက်စောင်းနင်းတွေရဲ့
တင်ပြင်လွှဲထိုင်ခြင်းအောက်မှာ
စီးတော်မြင်းမဖြစ်ချင်ဘူး…အမေ
ဒါပေမယ့်လေ….ကျာပွတ်သံတွေအောက်မှာ
ကဆုန်ပေါက်…ပြေးနေရတုန်း။
အတ္တအစွယ်…အသွား ဖြဲပြနေသူတွေကြားမှာ
လူသားဆန်ချင်ခဲ့တာ ကျွန်တော်မှားလား…အမေ
ဒဏ်ရာတွေဘယ်လောက်များများ
(ဘယ်သူ့ကိုမှ) ခါးတယ်လို့ မပြောခဲ့ပါဘူး။
ကိုယ့် ရထား နဲ့. ကိုယ်သွားချင်ပေမယ့်
ကျွန်တော်က…လမ်းပဲဖြစ်ခဲ့တယ်။
လူ့ပြဇာတ်မှာ အသုံးခံချင်းအတူတူ
ကျွန်တော်ဟာ ဖျာလိုလူပါ
ဖင်ခုထိုင်ချင်မှ ၀ိုင်းလုကြတယ်လေ။
စိတ်နာသင့်ပေမယ့် အမေ့လိုအပြုံးနဲ့
ခွင့်လွှတ်နိုင်ခဲ့ပါရဲ့….အမေ
ဘ၀မှာ ဘယ်တော့မှမရနိုင်တာ
လုံလောက်တဲ့ ရင့်ကျက်မူ့တွေလား
ကျွန်တော်ခုထိ…အားငယ်မိနေတုန်း။။။။။
Comment #2
ကျေးဇူးပါ။မေခ…
Comment #3
အားမငယ်ပါနှင့် လောကကိုရဲဝံ့စွာရင်ဆိုင်ပါနော်
Comment #4
အခုလိုအားပေးတာ ကျေးဇူးပါ။မေပျို…ရေ
Comment #1
မကုန်မဆုံးနိုင်ပေးနိုင်တဲ့အရာကတော့ အမေ့မေတာပါပဲ…….
တကယ့်ကိုကောင်းပါတယ်…….