လူဘဝ
လူဆိုတာက
အသက်ရလာလေ
မဖြူစင်လေပဲ
လောကဆိုတဲ့ဆရာကြီးက
သင်ခန်းစာခပ်ကြီးကြီးကို
ဒဏ်ရာတွေရင်းပြီးမှ
တတ်အောင်သင်ပေးတတ်တာ
အပေါ်ယံပြုံးတတ်ပြီး
နောက်ကျောကိုထိုးမယ့်ဓါးကိုဝှက်လာတတ်တဲ့
မိတ်ဆွေတုမျိုး
ကိုယ်တိုင်မကြုံမချင်းမယုံတတ်ကြဘူး
ပျားရည်တွေဆမ်းထားတာကိုပဲမြင်နေရင်တော့
ပျားရည်အောက်ကအဆိပ်ကို
သေချာပေါက်မြည်းစမ်းရမှာပဲ
နောင်တသင်တန်းဆင်းအားလုံးကတော့
စိတ်မပါဘဲလဲ ပြုံးတတ်နေကြပြီ
မာယာတွေမသုံးတတ်လို့
လူတိုင်းကိုကိုယ့်လိုမှတ်ပြီး
ရိုးရိုးသားသားလေးနေတော့လည်း
ငတေ တွေက ခေါင်းပေါ်ကကျော်ခွသွားကြတယ်
ခွေးရူးကောင်းစားတမွန်းတည့် ဆိုပေမယ့်
အဲဒီ့မွန်းတည့်က ကြာလွန်းလှတယ်
လှည်းဘီးလိုလိုက်တယ်ဆိုတဲ့ ၀ဋ္ဋ်ဆိုတာကလည်း
ခံရတဲ့သူမေ့နေမှထပေါ်တတ်တာမျိုးလား
တခါတခါကျတော့
စိတ်နာနာနဲ့တွေးမိတယ်
လောကကြီးက
လူလိမ်၊လူကောက်တွေအတွက်တဖက်သတ်ရပ်တည်တဲ့
အဂတိ ဒိုင်လူကြီးလားလို့လေ…။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မာယာတွေမသုံးတတ်လို့
လူတိုင်းကိုကိုယ့်လိုမှတ်ပြီး
ရိုးရိုးသားသားလေးနေတော့လည်း
ငတေ တွေက ခေါင်းပေါ်ကကျော်ခွသွားကြတယ်
ခွေးရူးကောင်းစားတမွန်းတည့် ဆိုပေမယ့်
အဲဒီ့မွန်းတည့်က ကြာလွန်းလှတယ်
လှည်းဘီးလိုလိုက်တယ်ဆိုတဲ့ ၀ဋ္ဋ်ဆိုတာကလည်း
ခံရတဲ့သူမေ့နေမှထပေါ်တတ်တာမျိုးလား
တခါတခါကျတော့
စိတ်နာနာနဲ့တွေးမိတယ်
လောကကြီးက
လူလိမ်၊လူကောက်တွေအတွက်တဖက်သတ်ရပ်တည်တဲ့
အဂတိ ဒိုင်လူကြီးလားလို့လေ…။ ။