နင်းပြား
ဘယ်တော့မှ ရွှေကပ်ကြမှာလဲ
သစ်စေးသုတ်ခံထားရတာ
ခုချိန်ထိ…မဲပုက်ပုက်
တရားမရှိလို့
ဓါး ပဲသိခဲ့တာ မဟုတ်ဘူး
ငါ့နောက်ကျောကိုကြည့်စမ်းပါ
လူတကာထိုးစိုက်သွားတာ
ဓါးတွေလေ….
ဖနောင့်ပေါက်ပြီး
တောက်ခေါက်ငြီးနေလည်း
အလကားပါပဲ
ကံဆိုးသမျှ…သွားလေရာ
မိုးကရွာချဆဲ…..
မျှော်လင့်ချက် ထီးအစုတ်က
ခလုတ်ပျက်နေလေရဲ့
ကံဆိုတာ စေတနာတဲ့
လောကရေ….ငါဘာတွေများ
မှားခဲ့မိလဲ…….
Comment #2
မဲပုပ်ပုပ်လို့ ပြင်ဖတ်ပေးပါ။စာလုံးပေါင်းမှားသွားလို့။

Comment #3
ကံကောင်းနိုင်ဖို့ဆုတောင်းပေးပါတယ် အကိုရေ အားပေးသွားတယ်နော်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ်………..