“မုန်းတတ်သွားပြီ”
အမုန်းမြေသြလေးထည့်ထား
ခါးသီးမှုဓာတ်ခံရှိတဲ့
အလွမ်းအာနိသင်ပါသော
အချစ်သစ်သီးလေးရေ….
“ဆန်းလျှင်တစ်ချက်….ရိုးလျှင်တစ်သက် ” ဆိုတဲ့အတိုင်း
ငါရိုးသားစွာ…
တစ်သက်လုံး…
နှုတ်ပိတ်မာနနဲ့ …
နင်ပျိုးခဲ့တဲ့…
အချစ်သစ်သီးလေးရဲ့ ခါးသီးမှုကို
ငါချိုမြိန်စွာစားသုံးနေရင်း
လျှာကိုက်မိမှ…ငါသတိရတယ်
နင်များငါ့အကြောင်းပြောနေမလားလို့ …။
ချစ်တယ်ဆိုတာလောက်နဲ့ 
တတ်မလာနဲ့ လိုပြောတဲ့သူတွေ
ငါအခု…“ခရုလေး” လိုပဲ
တရွေ့ ရွေ့ နဲ့ …အမုန်းဆိုတဲ့တိုင်ထိပ်ပေါ်ရောက်နေပြီ
အောင်မြင်မှုအတွက်…၀မ်းသာရမလား
ငိုကြွေးရမလား…
ပြန်မချစ်တဲ့နင့်ကိုငါမုန်းတတ်သွားပြီ…။ ။
Comment #5
ပြန်မချစ်တဲ့သူကိုမုန်းပစ်လိုက်
By: မေပျို at Nov 9, 2012
Comment #6
tain~~~~ အမျိုးမျိုးတွေပဲ 🙂
ဘယ်လိုလုပ်ကမှာလဲ…ဟင်
မုန်းကမှာလား
ခွင့်လွှတ်ပေးလိုက်ကမှာလား… 😛
By: loafer at Nov 9, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ပြန်မချစ်တဲ့လူကို မုန်းပါနဲ့ဟာ။ သူ့နေရာ ကိုယ်ခံစားပြီး ခွင့်လွှတ်လိုက်။ 🙂