အောင်သွယ်တော်…
ကျွန်တော်က သူကို
မပြောရဲလို့ဆိုပြီး
ရောင်နီလာ နဲ့ နေမင်း ကြီးက
အောင်သွယ်ပေးတယ်
မနက်ခင်းမှာ လေပြေညှင်း က
တိုးတိုးလေးပဲ သူ့ကို
ကျွန်တော် ချစ်တဲ့ အကြောင်းတွေ
ပြောပေးပါတယ်
ငှက်ကလေးတွေနဲ့လည်း အမှာတော်ပါးခဲ့တယ်
ညနေခင်းမှာ တောင် နေမင်းကြီးက
ထွက်ခွါသည်အထီ
ပြောပေးနေသေးတယ်
ညချမ်းမှာ လမင်း နဲ့ တိမ်စိုင်လေးတွေက
သူ့ကို အေးမြစွာနဲ့
ကျွန်တော် ချစ်တဲ့အကြောင်းတွေ
တီးတိုးပြောဆိုနေကြတယ်
ကျွန်တော်မပြောနဲ့ ကြယ်လေးတွေတောင်
လွမ်းဆွတ် ပြီး ကြွေကြွေကျလာတယ်
သူဖတ်ဖို့ဆိုပြီး ကဗျာတွေက ညီညာစေပါတယ်
ကျွန်တော်ရဲ့ ကိုယ်ပွားအဖြစ်
သူ့ရဲ့နောက်က အရိပ်ကလေးတစ်ခုကို
လောကကြီးက ဖန်ဆင်းပေးထားသေးတယ်
ဒါနဲ့တင် သူ့အတွက်
ပြီးပြည့်စုံတဲ့ ဘ၀တစ်ခု
ဖန်ဆင်းမပေးနိင်မှာကိုတော့
စိုးရိမ်နေမိတယ်…….
Comment #2
nice both titke & poem.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကြယ်လေးတွေတောင်
လွမ်းဆွတ် ပြီး ကြွေကြွေကျလာတယ်—